
ဝါရှင်တန် မေ ၁၁
အမေရိကန်နိုင်ငံတွင် နိုင်ငံလုံးဆိုင်ရာ ပုံမှန်ပျမ်းမျှ ဓာတ်ဆီဈေးနှုန်းများနှင့် ဒီဇယ်ဈေးနှုန်းများသည် မေ ၁၁ ရက်က နောက်ထပ်တစ်ဖန် ထပ်မံမြင့်တက် လာခဲ့သည်။
အမေရိကန်မော်တော်ကားအဖွဲ့ (AAA)က မေ ၁၁ ရက်တွင် ပုံမှန်ဓာတ်ငွေ့ဈေးနှုန်းများသည် တစ်ဂါလန်လျှင် လေးဆင့်ထပ်တိုးလာခဲ့ပြီး ၄ ဒသမ ၃၇ ဒေါ်လာအထိ ရောက်ရှိလာကြောင်း၊ ယင်းပမာဏ သည် မတ် ၁၁ ရက်က အမြင့်ဆုံးမြင့်တက်ခဲ့သော ဈေးနှုန်း ၄ ဒသမ ၃၃ ဒေါ်လာကို ကျော်လွန်သွား ခဲ့ကြောင်း ပြောသည်။
ထို့အတူ ဒီဇယ်ဈေးနှုန်းများမှာလည်း အမြင့်ဆုံး ဈေးနှုန်းအထိ ရောက်ရှိလာခဲ့သည်။ လွန်ခဲ့သော သီတင်းပတ်က ၂၃ ဆင့် တိုးလာပြီး ၅ ဒသမ ၅၅ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။
ယခုလို ဈေးနှုန်းများမြင့်တက်ခြင်းသည် ရေနံ စိမ်း ဈေးနှုန်းများ တက်လာခြင်းကြောင့်ဖြစ်သည်။ လွန်ခဲ့သောသီတင်းပတ်က ရေနံစိမ်းတစ်စည်ကို ဒေါ်လာ ၁၀၀ အထိ တက်လာရာမှ ယခုတွင် ၁၁၀ ဒေါ်လာအထိ တိုးလာခဲ့ကြောင်း AAA ကပြောသည်။
ဓာတ်ငွေ့ဈေးနှုန်းများနှင့် ဒီဇယ်ဈေးနှုန်းများ တက်လာခြင်းက ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ် စေနိုင်ပြီး စီးပွားပျက်ကပ်ဆိုက်ရောက်လာမည်ကို စိုးရိမ်လျက်ရှိကြသည်။
ဆင်ဟွာ