
ဝါရှင်တန် ဖေဖော်ဝါရီ ၄
အမေရိကန်ရှိ ပြည်သူများသည် ငွေကြေးဖောင်းပွမှု များလာခြင်းနှင့် အတိုးနှုန်းများလာခြင်းတို့ကြောင့် စီးပွားရေးအလားအလာနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေကြကြောင်း အင်န်အိတ်ချ်ကေသတင်း၌ ဖော်ပြသည်။
ဇန်နဝါရီလအတွင်း အလုပ်လက်မဲ့ပမာဏသည် နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း အနိမ့်ဆုံး ဖြစ်သည်ဟု သိရသည်။ အမေရိကန်အလုပ်သမား ရေးရာဌာန၏ ဖေဖော်ဝါရီ ၃ ရက်နေ့ ကြေညာချက် အရ အလုပ်လက်မဲ့နှုန်းမှာ ဒီဇင်ဘာလတွင် ၀ ဒသမ ၁ ရာခိုင် နှုန်းမှ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိကျဆင်းသွား သည်ဟု ဆိုသည်။ စီးပွားရေးလုပ်ငန်းများတွင်လည်း အလုပ်အကိုင်ပေါင်း ၅၁၇၀၀၀ တိုးလာခဲ့သည်ဟု သိရသည်။
အဆိုပါ ပမာဏမှာ သုတေသီများအတွက် အံ့အားသင့်ဖွယ်ရာပင်ဖြစ်ခဲ့ရသည်။ သုတေသီများ က အလုပ်အကိုင်နေရာပေါင်း ၁၉၀၀၀၀ ကိုသာ ခန့်မှန်းခဲ့ကြသည်။ အလုပ်အကိုင်သစ်များမှာ အပန်းဖြေကဏ္ဍတွင် တိုးလာခြင်းဖြစ်သည်ဟု အလုပ်သမားရေးဌာနက ပြောသည်။ ယင်းအလုပ် အကိုင်အရေအတွက်ကို ကြည့်လျှင် အမေရိကန် အစိုးရအဖွဲ့၏ စီးပွားရေးအစီအစဉ်မှာ အလုပ်ဖြစ် သည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။
အလုပ်အကိုင်ရှာဖွေရန် ဈေးကွက်အတွင်း သို့ ဝင်ရောက်လာသူများပြားကြောင်း၊ စီးပွားရေး တိုးတက်မှုအတွက် အလားအလာကောင်းများပင် ဖြစ်သည်ဟု အမေရိကန်သမ္မတက ပြောသည်။
အလုပ်သမားအသစ်များကို ဆွဲဆောင်နိုင်ရန် အတွက် စီးပွားရေးလုပ်ငန်းရှင်များသည် လုပ်ခ လစာအများအပြားဖြင့် ကမ်းလှမ်းကြသည်။ ယင်း အချက်ကြောင့်ပင် ငွေကြေးဖောင်းပွမှုကို ဦးတည် စေသည်။ အင်န်အိတ်ချ်ကေ