
ဝါရှင်တန် နိုဝင်ဘာ ၃၀
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ သည် အသက် ၁၀၀ တွင် သေဆုံးသွားပြီ ဖြစ်သည်။
ကွန်နက်တီကက်ပြည်နယ်ရှိ ၎င်း၏နေအိမ်တွင် နိုဝင်ဘာ ၂၉ ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကစ်ဆင်ဂျာအကြံပေးအဖွဲ့က ပြောသည်။
၎င်းသည် ဂျာမနီရှိ ဂျူးမိသားစုတွင် မွေးဖွား ကြီးပြင်းခဲ့ခြင်းဖြစ်ပြီး နာဇီတို့၏ညှဉ်းပန်းနှိပ်စက်မှု မှ လွတ်မြောက်လာခဲ့ပြီးနောက် ၎င်းတို့မိသားစု သည် ၁၉၈၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့လာပြီးနောက် အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့သည်။
ကစ်ဆင်ဂျာသည် ၁၉၈၆ ခုနှစ် အမေရိကန် သမ္မတဟောင်း ရစ်ချက်နစ်ဆင်၏ လက်ထက်တွင် အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် တာဝန်ပေးခံ ရသည်။
၁၉၇၃ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာခဲ့သည်။ ၎င်းသည် သမ္မတနစ်ဆင်နှင့် ဂဲရက်ဖို့ဒ် လက်ထက်တို့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
ယခင် ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန် ပြည်ထောင်စု၏တင်းမာမှုကိုဖြေလျှော့ရန် ကစ်ဆင်ဂျာ ကြိုးပမ်းခဲ့သည်။ ၁၉၇၃ ခုနှစ်အတွက် ပူးတွဲနိုဘယ် ငြိမ်းချမ်းရေးဆုကို ဟင်နရီကစ်ဆင်ဂျာ ရရှိခဲ့သည်။
ဗီယက်နမ်စစ်ပွဲတွင် အမေရိကန်၏ ပါဝင် ပတ်သက်မှုကို အဆုံးသတ်နိုင်ရန် ကြိုးပမ်းမှုအတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပူးတွဲရရှိခဲ့ခြင်းဖြစ်သည်။ ကစ်ဆင်ဂျာသည် မကြာသေးမီ နှစ်ပိုင်းအထိ သံတမန်ရေးရာ ကိစ္စရပ်များတွင် တက်ကြွစွာပါဝင်ခဲ့ သည်။
အန်င်အိတ်ချ်ကေ