အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်မှုဖြစ်ပွား၊ နှစ်ဦးသေဆုံး 

 

ဆန်ဖရန်စစ္စကို   ဒီဇင်ဘာ   ၂၁
အမေရိကန်    ပြည်ထောင်စု    ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်းတွင် ဒီဇင်ဘာ ၂၀ ရက်က   ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခဲ့ရာ နှစ်ဦး သေဆုံးပြီး  ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 
ထို့ပြင် လျှပ်စစ်ဓာတ်အား  ပြတ်တောက်မှုကို လူပေါင်းထောင်နှင့်ချီ၍ ခံစားခဲ့ရသည်ဟုသိရသည်။ အမေရိကန် ဘူမိဗေဒသုတေသန၏ ပြောကြားချက် အရ ဒေသစံတော်ချိန်နံနက် ၂ နာရီ ၃၄ မိနစ်တွင် ငလျင်လှုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
ငလျင်ကြောင့် အသက် ၇၂ နှစ်နှင့် ၈၃ နှစ်အရွယ်  နှစ်ဦး   သေဆုံးခဲ့ရသည်။  ထိုစဉ်  ငလျင်လှုပ်ရာ  ဒေသတွင်းအရေးပေါ် လူနာတင်ယာဉ်များနည်းပါး မှုကြောင့်   ဒဏ်ရာရရှိသူများထံ  အချိန်မီမရောက် နိုင်ခဲ့ပေ။  လူပေါင်း  ၇၀၀၀၀  မှာလည်း  လျှပ်စစ် ဓာတ်အားပြတ်တောက်မှုဒဏ်ကို       ခံစားခဲ့ရပြီး  ဓာတ်ငွေ့လိုင်းနှင့်   ရေပိုက်လိုင်းများ    ပေါက်မှုကို လည်း ကြုံတွေ့ခဲ့ရသည်။ 
ဟမ်ဘော့ဒေသတွင် ငလျင်ကြောင့်အပျက်အစီး များပြားပြီး ဒေသအတွင်းရှိ လမ်းများ၊ နေအိမ်များ ပျက်စီးခဲ့ရသည်။  နောက်ထပ်   ငလျင်ငယ်များ လှုပ်နိုင်သေးကြောင်းကိုလည်း    ဟမ်ဘော့ဒေသ  အရေးပေါ်   ဝန်ဆောင်မှုရုံးမှ   သတိပေးခဲ့သည်။   လာမည့်သီတင်းပတ်အတွင်း ပြင်းအား ၅ အဆင့်  သို့မဟုတ်   ယင်းထက်ကြီးမားသော   ငလျင်လှုပ် နိုင်ခြေ  ၁၃ ရာခိုင်နှုန်းရှိသည်ဟု ကယ်လီဖိုးနီးယား  ငလျင်ရှင်းလင်းရေးမှ ကျွမ်းကျင်သူကပြောသည်။                                           
ဆင်ဟွာ