အမေရိကန်၌ တံတားကျိုးကျမှုအတွင်း ပျောက်ဆုံးသွားသော လုပ်သား ခြောက်ဦးကို သေဆုံးပြီဟု ယူဆ

 

မေရီလန်း   မတ်   ၂၇


အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် အရှေ့ပိုင်းရှိ တံတားတစ်စင်း ပြိုကျမှုဖြစ်ပွားပြီးနောက် ပျောက်ဆုံး နေသူ ခြောက်ဦးကို လတ်တလောတွင် သေဆုံးပြီဟု ယူဆကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။ 


ထို့ပြင်  ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို   ရပ်ဆိုင်းထားကြောင်း  သိရ သည်။  မတော်တဆမှုဖြစ်ပွားပြီးနောက် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ အဆိုပါပျောက်ဆုံးနေသူ များမှာ အသက်ရှင်နေသေးဖွယ်မရှိကြောင်း အင်္ဂါနေ့ ညနေပိုင်းတွင် ကမ်းခြေစောင့်တာဝန်ရှိသူများက ပြောသည်။ 


အင်္ဂါနေ့အစောပိုင်းတွင် ကုန်တင်သင်္ဘောကြီး တစ်စင်းက ဘယ်လ်တီမိုးအပိုင်းရှိ တံတားထောက်တိုင် များကို တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ယင်းနေ့တွင်အရေးပေါ်အစည်း အဝေးတစ်ခု ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါဆိပ်ကမ်းကို မှီခိုအားထားရသော အလုပ်အကိုင်ပေါင်း ၁၅၀၀၀  ရှိကြောင်း၊   ယင်းအလုပ်အကိုင်များနှင့် အလုပ်သမား များကို အကာအကွယ်ပေးရန် လိုအပ်သည်များအားလုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။ 


ထို့ပြင်  သမ္မတဘိုင်ဒင်သည်   သင်္ဘောများ သွားလာမှု ပြန်လည်မစတင်မီ ရေလမ်းကြောင်းများ ရှင်းလင်းရေးကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့် လုပ်ဆောင်ရန် တပ်မတော်အင်ဂျင်နီယာတပ်များကို စေလွှတ်ထားကြောင်း ဆက်ပြောသည်။                                      
အင်န်အိတ်ချ်ကေ