အမေရိကန်၌ နောက်ထပ် ကိုဗစ်-၁၉ ကူးစက်မှု၏ ၄၃ ရာခိုင်နှုန်းမှာ အိုမီခရွန်မျိုးကွဲ XBB.1.5 ကြောင့်ဟုဆို

 

ဝါရှင်တန်   ဇန်နဝါရီ   ၁၄
အမေရိကန်၌ နောက်ထပ် ကိုဗစ် -၁၉ ကူးစက်မှုများထဲတွင် ၄၃ ရာခိုင်နှုန်းမှာ အိုမီခရွန်မျိုးကွဲ  XBB.1.5 ကြောင့်ဟု အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (စီဒီစီ) ၏   နောက်ဆုံးကောက်ယူ ထားသော အချက်အလက်များအရ သိရသည်။ 
တိုင်းပြည်အတွင်း   နောက်ထပ်ကူးစက်မှုများတွင်  ၄၃  ရာခိုင်နှုန်းမှာ   လျင်မြန်စွာကူးစက်သည့်  ယင်းမျိုးကွဲကြောင့်ဟု   စီဒီစီကပြောသည်။   ပြီးခဲ့သည့်  သီတင်းပတ်နှင့်နှိုင်းယှဉ်လျှင်   ကူးစက်မှုမှာ ၁၀ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။  
အမေရိကန်တွင် ယခင် အိုမီခရွန်မျိုးကွဲများထက် XBB.1.5 မှာပို၍ ကူးစက်မှုလျင်မြန်သည်ဟု သိရ သည်။ နယူးယောက်ပြည်နယ်အပါအဝင်  နိုင်ငံအရှေ့မြောက်ပိုင်းတွင် XBB.1.5 ကူးစက်မှုမှာ နောက်ထပ် ကူးစက်မှုများ၏ ၈၀ ရာခိုင်နှုန်းရှိသည်။  
ကိုဗစ် - ၁၉ ကြောင့် ဆေးရုံတက်ရသူဦးရေမှာ ဇန်နဝါရီ ၁၀ ရက်အထိ တစ်ရက်လျှင် ၅၈၀၀ ခန့်ရှိပြီး ပြီးခဲ့သည့် သီတင်းပတ်နှင့်နှိုင်းယှဉ်လျှင် ၁၀ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။  သေဆုံးသူဦးရေမှာမူ ဇန်နဝါရီ ၁၁ ရက်တွင် ၅၆၀ ဝန်းကျင်ရှိပြီး ပြီးခဲ့သည့် သီတင်းပတ်ကထက် ၁၇၀ ပို၍ များလာသည်။
အင်န်အိတ်ချ်ကေ