အမေရိကန်၌ ကိုဗစ် -၁၉ ကူးစက်ခံရသူ သန်း ၅၀ ကျော်လွန်သွားပြီဖြစ်

 

 

နယူးယောက် ဒီဇင်ဘာ ၁၄
အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်- ၁၉ စုစုပေါင်း ကူးစက်ခံရသူ   သန်း  ၅၀   ကျော်လွန်လာပြီဟု ဒီဇင်ဘာ ၁၂ ရက်တွင် ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များအရ သိရသည်။
အမေရိကန်ပြည်ထောင်စု၌      ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေမှာ ၅၀၀၀၉၅၀၇ ဦးရှိပြီး သေဆုံး သူ စုစုပေါင်းမှာ ၇၉၇၉၁၆  ဦးရှိကြောင်း  အချက် အလက်များအရ သိရသည်။ 
ပြည်နယ်များအလိုက်   ကူးစက်မှုစာရင်းတွင်  ကယ်လီဖိုးနီးယားသည် ထိပ်ဆုံးတွင်ရပ်တည်နေပြီး ကူးစက်ခံရသူပေါင်း ၅၁၆၉၃၄၈ ဦးရှိသည်။ ယင်း နောက်တွင်   တက္ကဆက်ပြည်နယ်၊   ဖလော်ရီဒါ၊ နယူးယောက်နှင့်  အီလီနွိုက်ပြည်နယ်တို့ကအသီးသီး ရပ်တည်လျက်ရှိသည်။ အခြားသောပြည်နယ်များ ဖြစ်သည့်   ပန်ဆယ်ဗေးနီးယား၊    အိုဟိုင်းယိုး၊ ဂျော်ဂျီယာ၊    မီချီဂန်၊    မြောက်ကာရိုလိုင်းနား၊ တန်နက်ဆီ၊ အရီဇိုးနား၊ နယူးဂျာဆီတို့မှာ ကူးစက် မှုပေါင်း ၁ ဒသမ ၂ သန်းကျော်စီ ရှိကြသည်။ 
အမေရိကန်ပြည်ထောင်စုသည်   ကိုဗစ်-၁၉ ကူးစက်မှုကို  ဆိုးဆိုးရွားရွားထိခိုက်ခံစားရသည့် နိုင်ငံလည်းဖြစ်သည်။ အမေရိကန်နိုင်ငံ၏ ကူးစက်ခံ ရမှုစာရင်း မှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ  ၉  ရက်တွင် ၁၀ သန်း၊ ၂၀၂၁ ခုနှစ်  ဇန်နဝါရီ ၁ ရက်တွင် သန်း ၂၀ ကျော်လွန်ခဲ့ပြီး မတ်လ ၂၄ ရက်တွင် သန်း ၃၀ ကျော်လွန်ခဲ့သည်။ စက်တင်ဘာ ၆ရက်တွင်မူ သန်း ၄၀ ကျော်လွန်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ