အမေရိကန်၌ အိုမီခရွန်ကြောင့် နေ့စဉ်ကူးစက်မှုမှာ နှစ်သိန်းအထိရှိလာ

 

 

ဝါရှင်တန် ဒီဇင်ဘာ ၂၈
အမေရိကန်ပြည်ထောင်စု၌     ကိုဗစ် -၁၉    မျိုးကွဲ အိုမီခရွန်ကူးစက်မှုများ   များပြားလာပြီး  ခရစ္စမတ် ကာလ   အားလပ်ရက်ရာသီတွင်   ဝန်ထမ်းအင်အား ပြတ်တောက်မှုကြောင့်     လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းနေရသည်။ 
တစ်ပတ်တာအတွင်း   ပျမ်းမျှနေ့စဉ်ကူးစက်မှု နှုန်းမှာလည်း   ၂၀၆၅၀၀   အထိ   ရှိလာသည်ဟု  အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ပြောသည်။ နယူးယောက်ပြည်နယ်တွင် ဒီဇင်ဘာ ၂၄ ရက်တစ်ရက်တည်းတွင်ပင် ကူးစက်ခံ ရသူ ၄၉၇၀၈ ဦး တွေ့ရှိခဲ့သည်။ 
ဒီဇင်ဘာ       ၂၇       ရက်တွင်       နယူးယောက်မြို့၌ ကိုဗစ် -၁၉    ဆေးစစ်မှုခံယူရန်    လူများ   တန်းစီ စောင့်ဆိုင်းနေခဲ့ကြသည်။    ဆေးလာစစ်သည့် အမျိုးသားတစ်ဦးကမူ    ၎င်းမှာ   တတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသော်လည်း   ၎င်း၏ ဖခင်နှင့် မတွေ့ဆုံမီ        ကြိုတင်ကာကွယ်သည့်အနေဖြင့် လာရောက်ဆေးစစ်မှု      ခံယူခြင်းဖြစ်ကြောင်း ပြောသည်။ 
ခရစ္စမတ်အားလပ်ရက်   သီတင်းပတ်အကုန် တွင်   လေယာဉ်ခရီးစဉ်ပေါင်း   ၃၀၀၀   ကျော်ကို ဖျက်သိမ်းလိုက်ရသည်ဟု  အမေရိကန်မီဒီယာကြီး များတွင်  ဖော်ပြကြသည်။ တချို့သော   လေယာဉ် ခရီးစဉ်ဖျက်သိမ်းမှုများမှာ ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်သည်။  
လေယာဉ်အမှုထမ်းများနှင့် လေယာဉ်မှူးအချို့ မှာ အသွားအလာ စောင့်ကြည့်ကန့်သတ်ခံထားရ သည့်အတွက် ဝန်ထမ်းအင်အားပြတ်တောက်မှုများ ဖြစ်ပေါ်လာသည်ဟု       အချို့က       အပြစ်တင် ကြသည်။
အင်န်အိတ်ချ်ကေ