တိုကျို စက်တင်ဘာ ၂၉
ဟွန်ဒါကုမ္ပဏီသည် အမေရိကတွင် လျှပ်စစ်ကား များထုတ်လုပ်လျက်ရှိသည်။ လာမည့်နှစ်အစောပိုင်း တွင် လျှပ်စစ်ကားများကို ပထမဦးဆုံးအကြိမ် စတင် ရောင်းချသွားမည်ဟု ဟွန်ဒါကုမ္ပဏီက ပြောသည်။ မီချီဂန်ပြည်နယ်တွင် Prologue ဟု အမည်ပေးထား သည့် ၎င်းတို့၏ လျှပ်စစ်ကားကို ထုတ်ဖော်ပြသ ခဲ့သည်။
အဆိုပါ SUV ကားမှာ အမေရိကန်ကားကုမ္ပဏီ ကြီးဖြစ်သည့် ဂျင်နရယ်မော်တော်ကား ကုမ္ပဏီနှင့် ပူးပေါင်း ထုတ်လုပ်ထားခြင်းဖြစ်သည်။ ကား အတွင်းပိုင်းနှင့် အပြင်ပိုင်းအပြင်အဆင်များကို ဟွန်ဒါ ကုမ္ပဏီကထုတ်လုပ်ခြင်းဖြစ်ပြီး ဂျင်နရယ်မော်တော် ကားကုမ္ပဏီမှ တစ်ခါအားသွင်းရုံဖြင့် ၄၈၀ ကီလိုမီတာ သွားနိုင်မည့် ဘက်ထရီကို ထောက်ပံ့ပေးထားသည်။ Prologue ဆိုသည့် အမည်မှာ အမေရိကန်လျှပ်စစ် ကား ဈေးကွက်တွင် စာမျက်နှာသစ် ဖွင့်နိုင်ရမည်ဟု ရည်ညွှန်းကြောင်း ဟွန်ဒါကုမ္ပဏီမှ မတ်ဆုရာ ဟီရိုကာဇုက ပြောသည်။
ယခု ကားမော်ဒယ်နှင့်အတူ လျှပ်စစ်ကား အရောင်းဈေးကွက်ကို ချဲ့ထွင်သွားရန် မျှော်မှန်းထား ကြောင်းလည်း ၎င်းက ပြောသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့သည် မှန်လုံအိမ်ဓာတ်ငွေ့ လျှော့ချနိုင်ရေးအတွက် လျှပ်စစ်ကားများ လူကြိုက် များလာရန် ကြိုးပမ်းလျက်ရှိသည်။ ယခုနှစ် ဧပြီလမှ ဇွန်လအထိ ကားအသစ်ရောင်းချရမှုတွင် ၇ ရာခိုင် နှုန်းမှာ လျှပ်စစ်ကားများဖြစ်သည်။
အင်န်အိတ်ချ်ကေ