အမေရိကန်၏အရေးယူပိတ်ဆို့မှုများကို ရင်ဆိုင်ရန် ကျူးဘားနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အီရန်ဒုသမ္မတ တိုက်တွန်း

 

တီဟီရန်   ဇန်နဝါရီ  ၁၂ 


အမေရိကန်ပြည်ထောင်စု၏ အရေး ယူပိတ်ဆို့မှုများကို      ရင်ဆိုင် ရန်   ကျူးဘားနှင့်   နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် ရန် အီရန်ဒုတိယသမ္မတ  မိုဆန် ရီဆီးက  တိုက်တွန်းလိုက်ကြောင်း      အီရန်နိုင်ငံပိုင်       ရုပ်မြင်သံကြား သတင်းတွင် ဇန်နဝါရီ ၁၂ ရက်က ဖော်ပြလိုက်သည်။ 

 


ပူးပေါင်း    ဆောင်ရွက်မှုကို တိုးချဲ့ခြင်းအားဖြင့် မိမိတို့သည် အရေးယူပိတ်ဆို့မှုများနှင့် ဖိအား များကို အားပျော့ပျက်ပြယ်စေမည် ဖြစ်ကြောင်း ရီဆီးက  ကျူးဘား သမ္မတ မီဂူလ်ဒေ့ဇ်ကန်နယ်လ်နှင့် နိုင်ကာရာဂွါမြို့တော်   မနာဂွာ၌  တွေ့ဆုံစဉ်    ပြောကြားလိုက် သည်။ 

 


အီရန်သည်    ကျူးဘား၏ ဖိနှိပ်ချုပ်ချယ်မှုများ    ဆန့်ကျင် တွန်းလှန်မှုများကို      လေးစား ကြောင်းနှင့် ကျူဘားနှင့် နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရန်  စဉ်းစား ဆုံးဖြတ်ထားကြောင်း    သမ္မတ တင်မြှောက်ပွဲ    အခမ်းအနားသို့ တက်ရောက်လာစဉ်   ရီဆီးက ပြောသည်။ 

 


ကိုဗစ်-၁၉   ကာကွယ်ဆေး ပူးတွဲထုတ်လုပ်မှုတွင် ကောင်းမွန် သော ပူးပေါင်းဆောင်ရွက်မှုများရှိခြင်းကို ရည်ညွှန်းပြီး    ၎င်းက ထိုသို့  ပြောကြားလိုက်ခြင်းဖြစ် သည်။  ထို့အပြင်    နောက်ထပ် ကဏ္ဍမျိုးစုံ၊   အထူးသဖြင့် သိပ္ပံ၊ နည်းပညာနှင့်  ကုန်သွယ်မှုများ တွင် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့် ခြင်း၏အရေးပါပုံကို    အလေး အနက်ထား ပြောကြားခဲ့သည်။ 

ဆင်ဟွာ