အမေရိကန်၏ ကြားဖြတ်ရွေးကောက်ပွဲ မဲပေးမှုပထမနေ့တွင် ဂျော်ဂျီယာ၌ မဲပေးသူဦးရေ နှစ်ဆတိုးလာ

 

အတ္တလန္တာ  အောက်တိုဘာ ၂၀


အမေရိကန်၌    ၂၀၂၂   ခုနှစ်  ကြားဖြတ်ရွေးကောက်ပွဲကာလ ပထမရက်တွင်  အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်၌  မဲပေးသူဦးရေမှာ လွန်ခဲ့သည့်လေးနှစ်က ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်လျှင် နှစ်ဆ နီးပါး တိုးလာသည်ဟု သိရသည်။  

 

  
နိုဝင်ဘာ  ၈   ရက်တွင်   ကျင်းပ မည့်    ကြားဖြတ်ရွေးကောက်ပွဲ အတွက်   ကြိုတင်မဲပေးမှုများကို   ပြည်နယ်ပေါင်း   ၃၀    ကျော်တွင်    စတင်နေပြီဖြစ်သည်။

 


အောက်တိုဘာ ၁၉ ရက်တွင် လူဦးရေ    ၄  ဒသမ  ၃ သန်း လာရောက်     မဲပေးခဲ့ကြသည်ဟု  တစ်နိုင်ငံလုံးဆိုင်ရာ    မဲအချက် အလက်များ  ထုတ်ပေးနေသည့်    ဖလော်ရီဒါတက္ကသိုလ်က     ပြော သည်။ 

 


 ဂျော်ဂျီယာ  ပြည်နယ်သည် ပြိုင်ဆိုင်မှုပြင်းထန်သည့်     နေရာ တစ်ခုဖြစ်ပြီး   လူပေါင်း ၁၃၀၀၀၀ မှာ   အောက်တိုဘာ ၁၇ ရက်က စတင်၍    ကြိုတင်မဲများ   ပေးပြီး ကြပြီးဖြစ်သည်။ 

 


၂၀၁၈     ခုနှစ်      ကြားဖြတ် ရွေးကောက်ပွဲကာလနှင့်   နှိုင်းယှဉ် လျှင် မဲပေးသူဦးရေမှာ နှစ်ဆနီးပါး ရှိလာသည်ဟု သိရသည်။ 
ကြားဖြတ်        ရွေးကောက်ပွဲ အတွက်   မဲပေးမှုများမှာ   သမ္မတ ရွေးကောက်ပွဲထက် သိသိသာသာ လျော့နည်းလေ့ရှိသည်။   
သို့သော်လည်း   ဂျော်ဂျီယာ ၌   ကြိုတင်မဲ   စတင်ကောက်ခံ သည့်    ပထမနေ့တွင်     လာရောက် မဲပေးသူဦးရေ မှာ     ၂၀၂၀    ပြည့် နှစ်        သမ္မတရွေးကောက်ပွဲ ကြိုတင်မဲ   စသည့်နေ့တွင်     လာ ရောက်မဲပေးသူဦးရေနှင့်  အကြမ်း ဖျင်းအားဖြင့်      တူညီကြောင်း သိရသည်။ 


အင်န်အိတ်ချ်ကေ