အမေရိကန်ဘီလီယံနာသူဌေးကြီး အီလွန်မက်ခ် ဂျပန်နိုင်ငံသို့ ရောက်ရှိ

 

တိုကျို   သြဂုတ်   ၁၈ 


အမေရိကန် ဘီလီယံနာသူဌေးကြီး အီလွန်မက်ခ်  သည်  လတ်တလောတွင် ဂျပန်နိုင်ငံသို့   သွားရောက်    လည်ပတ်လျက်ရှိ သည်။ အီလွန်မက်ခ်သည် ဂျပန်နိုင်ငံ သို့ ကိုးနှစ်အတွင်း ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်သည်။ 


အီလွန်မက်ခ်က     အံ့သြဖွယ် ကောင်းသည့်         ဂျပန်နိုင်ငံသို့ ရောက်ရှိနေကြောင်း    ယခင်က တွစ်တာဟုလူသိများသော X တွင် ရေးသားခဲ့သည်။ အဆိုပါ ပို့စ်သည် သြဂုတ် ၁၇ ရက်စွဲဖြင့်  တက်လာ ခဲ့ခြင်းဖြစ်သည်။ 


မက်ခ်သည်    ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည့်    အကြောင်း ပြချက်ကို  မဖော်ပြခဲ့ပေ။ မက်ခ် သည်    တက်စ်လာမော်တော်ကား   ထုတ်လုပ်ရေး၏        အမှုဆောင် အရာရှိချုပ်တစ်ဦးလည်းဖြစ်သည်။ တက်စ်လာသည်    ဂျပန်ကုမ္ပဏီ များနှင့် ဆက်သွယ်ဆောင်ရွက်မှု များရှိသည်။ 


တက်စ်လာသည်      ပန်နာ ဆိုးနစ်ကုမ္ပဏီနှင့်        လျှပ်စစ် မော်တော်ကား   ဘက်ထရီများ ထုတ်လုပ်ရန် ပူးပေါင်းထားသည်။ 
တက်စ်လာကား   ထုတ်လုပ် ရေးသည် တိုယိုတာကုမ္ပဏီထံမှ ရန်ပုံငွေကိုလည်း ရရှိထားသည်။ လွန်ခဲ့သော    ၂၀၁၄   ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့စဉ်က ကျင်းပခဲ့သော သတင်းစာရှင်းလင်း ပွဲတစ်ခုတွင်  မက်ခ်က  တက်စ်လာ သည် ဂျပန်ကား ဈေးကွက်ထဲသို့ အရှိန်အဟုန်ဖြင့်  ဝင်ရောက်လာ မည်ဖြစ်ကြောင်း   ပြောကြားခဲ့ သည်။            

  အင်န်အိတ်ချ်ကေ