
ဗာဂျီးနီးယား ဇွန် ၇
အမေရိကန်နိုင်ငံ တောင်ပိုင်း ဗာဂျီးနီးယားပြည်နယ် ရစ်ချ်မွန်မြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်း၏ ဘွဲ့နှင်းသဘင် ကျင်းပသည့် အခမ်းအနား၌ ပစ်ခတ်မှုဖြစ်ပွားရာ နှစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာ ရရှိသည်ဟု သိရသည်။
ပစ်ခတ်မှု ကျူးလွန်သူကို ရဲများက ဖမ်းဆီးခဲ့သည်ဟု သိရသည်။ ဇွန် ၆ ရက် မွန်းလွဲပိုင်းတွင် အခမ်းအနားကျင်းပရာနေရာ အပြင်ဘက် တွင် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ် သည်ဟု ရဲများက ပြောသည်။
ယင်းသို့ ပစ်ခတ်မှုကြောင့် အထက်တန်းကျောင်းမှ လတ်တလော ဘွဲ့ရထားသည့် အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံး ခဲ့ရပြီး အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း သေဆုံး ခဲ့သည်ဟု သိရသည်။
ပစ်ခတ်မှုကြောင့် အခမ်းအနား ကျင်းပရာနေရာမှ လူများ ထိတ်လန့်တကြားဖြစ်ခဲ့ကြောင်း သိရသည်။ အင်န်အိတ်ချ်ကေ