
တိုကျို အောက်တိုဘာ ၅
အမေရိကန်အထက်လွှတ်တော်လူများစု ခေါင်းဆောင် ချက်ခ်ရွှန်းမား ဦးဆောင်သည့် နှစ်ပါတီဆီးနိတ် အထက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် လာမည့်သီတင်းပတ်တွင် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ အလည်အပတ် သွားရောက်မည်ဖြစ်ကြောင်း အတည်ပြုပြောကြား သည်။
ကိုယ်စားလှယ်အဖွဲ့တွင် ဒီမိုကရက်တစ်သုံးဦးနှင့် ရီပတ်ဘလီကန် သုံးဦးတို့ပါဝင်မည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ခရီးစဉ်တွင် စီးပွားရေးပြိုင်ဆိုင်မှုနှင့် လုံခြုံရေး၊ အမေရိကန် အမျိုးသားလုံခြုံရေးနှင့် ခေတ်မီနည်းပညာများတွင် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုအတွက် အဓိကဆွေးနွေးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရွှန်းမားက အောက်တိုဘာ ၄ ရက်တွင် ပြောကြားသည်။
ရွှန်းမားနှင့်အတူ လိုက်ပါမည့် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျွန် အော့စ်ဆော့ဖ် က တွေ့ဆုံဆွေးနွေးမှုသည် နိုင်ငံတကာဆက်ဆံရေးတွင် လက်တွေ့လုပ်ဆောင်ရန် မရှိမဖြစ်လိုအပ်ကြောင်း ပြောကြားသည်။
အင်န်အိတ်ချ်ကေ