အမေရိကန်အလယ်ပိုင်း ပြည်နယ်ခြောက်ခု၌ လေဆင်နှာမောင်းတိုက်ခတ်မှု လူ ၉၀ ထက်မနည်းသေဆုံးပြီး ၁၀၀ ကျော်ပျောက်ဆုံး

 

ဝါရှင်တန်ဒီစီ   ဒီဇင်ဘာ  ၁၆ 


အမေရိကန်အလယ်ပိုင်း ပြည်နယ် ခြောက်ခုရှိ ဒေသအတော်များများ တွင် လေဆင်နှာမောင်းတိုက်ခတ် ခဲ့ရာ လူ ၉၀ ထက်မနည်း သေဆုံး ခဲ့ကြောင်းနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည်      သဘာဝဘေး အန္တရာယ်  ခံစားနေရသော  ဒုက္ခ သည်များနှင့်   တွေ့ဆုံခဲ့ကြောင်း နိုင်ငံတကာသတင်းတွင်  ဖော်ပြ ထားသည်။ 

 


လေဆင်နှာမောင်း တိုက်ခတ် ခဲ့ရာ  အာကန်ဆော၊  အီလီနွိုက်၊ မစ်ဆောရီ၊ မစ္စစ္စပီ၊ တန်နက်ဆီ တို့နှင့်      နှိုင်းယှဉ်ကြည့်လျှင် ကန်တက်ကီသည်    လေဆင်နှာ မောင်းတိုက်ခတ်မှုကို   အဆိုးဆုံး ခံစားခဲ့ရသော   ပြည်နယ်တစ်ခု ဖြစ်ပြီး သေဆုံးသူ  ၈၀  ကျော် အထိရှိခဲ့ပြီး ပျောက်ဆုံးသူ ၁၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။ 

 


ထို့အပြင်     အီလီနွိုက်ရှိ အက်ဝက်ဒ်ပီလီတွင် လုံခြုံရေးနှင့် ကျန်းမာရေး  အာဏာပိုင်များက လေဆင်နှာမောင်းကြောင့် အမေ ဇုန်     ကုန်လှောင်ရုံပြိုကျမှုကို စစ်ဆေးလျက်ရှိသည်။ အဆိုပါ ဒေသတွင် လေဆင်နှာမောင်းတိုက် ခတ်မှုကြောင့်    အမေဇုန်အလုပ် သမား ခြောက်ဦး သေဆုံးခဲ့သည်။ 

 


ထို့အပြင် ဒီဇင်ဘာ ၁၀ ရက်မှ ၁၁   ရက်အထိ   ဖြစ်ပွားခဲ့သော လူသေဆုံး       နိုင်လောက်သည့် လေဆင်နှာမောင်း   တိုက်ခတ်မှု သည်  Great Plains ဒေသတွင်    အားပျော့သွားနိုင်သည့် လက္ခဏာ တစ်ခု         ဖြစ်လာနိုင်ကြောင်း စီဘီအက်စ်က ဒီဇင်ဘာ ၁၆ ရက် တွင် ဖော်ပြခဲ့သည်။          

ဆင်ဟွာ