
ဝါရှင်တန် ဇန်နဝါရီ ၁၃
မြောက်ကိုရီးယား၏ နျူကလီးယား နှင့် ဒုံးကျည်အစီအစဉ်များတွင် ပါဝင်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အမေရိကန်အစိုးရက မြောက် ကိုရီးယားနိုင်ငံသား ခြောက်ဦးနှင့် ရုရှားတစ်ဦးကို အရေးယူပိတ်ဆို့မှု လုပ်ဆောင်ခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးဌာန က လူပုဂ္ဂိုလ်ခုနစ်ဦးနှင့် မော်စကို အခြေစိုက် ရုရှားကုမ္ပဏီတစ်ခုကို အရေးယူမှုများ လုပ်ဆောင်ခဲ့ ကြောင်း ဇန်နဝါရီ ၁၂ ရက် ပြောကြားလိုက်သည်။ အဆိုပါ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွင် ပိုင်ဆိုင်မှုများကို ပိတ်ပင်တားမြစ် ခြင်းများ ပါဝင်သည်။ အသံထက် မြန်သည့် ဒုံးကျည်ကို မြောက် ကိုရီးယားတို့က လွန်ခဲ့သည့် သီတင်းပတ်က နိုင်ငံမြောက်ပိုင်း ပြည်နယ်ဖြစ်သော ဂျာဂျန်မှ စမ်းသပ်ပစ်လွှတ်ခဲ့သည်။ မြောက် ကိုရီးယားက ဇန်နဝါရီ ၁၁ ရက်ကလည်း အသံထက်မြန် သည့် ဒုံးကျည်တစ်စင်းကို ပစ်လွှတ် စမ်းသပ်ခဲ့သေးကြောင်း ပြောသည်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း သည် အဆိုပါစမ်းသပ်မှုကို စောင့်ကြည့်ခဲ့ကြောင်း သတင်း များတွင် ဖော်ပြထားသည်။
အမေရိကန် ဘဏ္ဍာရေးဌာန သည် မြောက်ကိုရီးယားကို ရှုတ်ချ ထားပြီး မြောက်ကိုရီးယားသည် ၂၀၂၁ ခုနှစ် စက်တင်ဘာမှ စတင် ကာ ဒုံးကျည်ခြောက်စင်း စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း ပြောကြားခဲ့ သည်။ ပစ်လွှတ်စမ်းသပ်မှုတစ်ခုချင်းစီသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ချိုး ဖောက်လျက်ရှိသည်ဟု ဆိုသည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင် အစိုးရသည် ဂျပန်နှင့် တောင် ကိုရီးယားတို့နှင့် ပူးပေါင်းလုပ် ဆောင်မှုများကို မြှင့်တင်လိုက်ပြီး မြောက်ကိုရီးယားကို နျူကလီး ယားကင်းမဲ့အောင် နည်းလမ်းရှာ လုပ်ဆောင်လျက်ရှိသည်။
သို့သော်လည်း လတ်တလော တွင် ယင်းအခက်အခဲပြဿနာ ရပ်များကို ထိုးဖောက်ကျော် လွှားနိုင်မည့် အလားအလာမတွေ့ ရှိသေးပေ။
အင်န်အိတ်ချ်ကေ