
လော့စ်အိန်ဂျလိစ် ဖေဖော်ဝါရီ ၁၅
အမေရိကန် ကုမ္ပဏီဖြစ်သည့် Intuitive Machines သည် ပထမ ဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၁၅ ရက်က လဆင်းယာဉ်ကို အာကာသသို့လွှတ်တင်ခဲ့ကြောင်း သိရသည်။ ဆယ်စုနှစ် ငါးစုစာ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် အာကာသယာဉ် လပေါ်သို့ ဆင်းသက်နိုင်ရေး အတွက် ရည်ရွယ်ကာ ပြုလုပ်ခြင်း လည်းဖြစ်သည်။
အိုင်အမ် - ဝမ်း ဟု အမည်ပေး ထားသည့် အဆိုပါ မစ်ရှင်မှာ ပထမဆုံး စက်ရုပ်တီထွင် အသုံး ချမှုနည်းပညာသုံး ပျံသန်းမှုခရီး စဉ်ဖြစ်ပြီး လဆင်းယာဉ်ပေါ်တွင် သိပ္ပံဆိုင်ရာ အချက်အလက် များစွာ ပါဝင်သည်။ အဆိုပါ လဆင်းယာဉ်ကို ဖလော်ရီဒါပြည် နယ် နာဆာ၏ ကနေဒီ အာကာသ စခန်းမှနေ၍ စပေ့အိတ်စ်ဖယ်ကွန် ၉ ဒုံးကျည်ဖြင့် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ လွှတ်တင်ပြီး တစ်နာရီ အကြာတွင် အဆိုပါယာဉ်မှာ ဒုံးကျည်မှ အောင်မြင်စွာ ဖယ် ထွက်နိုင်ပြီဖြစ်ကြောင်း၊ လပေါ်သို့ ဦးတည်ကာ ဆက်လက်ခရီး ဆက်နေပြီဖြစ်ကြောင်း နာဆာမှ အတည်ပြုခဲ့သည်။
မစ်ရှင်၏သိပ္ပံနည်းကျ အချက် အလက်များတွင် ရေဒီယိုနက္ခတ္တ ဗေဒနှင့် အာကာသရာသီဥတုတို့ လမျက်နှာပြင်နှင့် ဆက်စပ်မှု တို့ကို လေ့လာမှုများ ပါဝင်မည် ဖြစ်သည်။ တိကျသော ဆင်းသက် ခြင်း နည်းပညာများနှင့် ဆက်သွယ် ရေးနှင့် လမ်းကြောင်းပြဆိုင်ရာ စွမ်းရည်များကို ပြသသွားမည်ဖြစ် ကြောင်း နာဆာ၏ ထုတ်ပြန်ချက် အရ သိရသည်။ နာဆာသည် အမေရိကန်ကုမ္ပဏီ အချို့နှင့် ပူးပေါင်းကာ လမျက်နှာပြင်ပေါ်သို့ သိပ္ပံနှင့် နည်းပညာ အချက် အလက်များ ပို့ဆောင်ရန် ဆောင် ရွက်လျက်ရှိသည်။
ဆင်ဟွာ