အမေရိကန် ဖို့ဒ်ကား ရောင်းချရမှု နိုဝင်ဘာလတွင် ကျဆင်း

 

ချီကာဂို    ဒီဇင်ဘာ    ၃


နိုဝင်ဘာလအတွင်း အမေရိကန် ပြည်ထောင်စု၌ ဖို့ဒ်ကားအစီးရေ  ၁၄၆၃၆၄ စီး ရောင်းချရသည်ဟု ဖို့ဒ်ကားကုမ္ပဏီက         ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင်  ဖော်ပြထားရာ ကားရောင်းချရမှုမှာ ၇ ဒသမ ၈ ရာခိုင်နှုန်း    ကျဆင်းသွားသည်ဟု ကြေညာခဲ့သည်။   

 


 နိုဝင်ဘာလအတွင်း    ထရပ် ကား  အစီးရေ ၈၁၂၁၀  ရောင်းချ နိုင်ခဲ့ပြီး   တစ်နှစ်ထက်   တစ်နှစ်     ရောင်းချရမှုမှာ ၁ ဒသမ ၂ ရာခိုင် နှုန်း  ကျဆင်းလာသည်။ လျှပ်စစ် ကားအစီးရေ ၆၂၅၅ စီး ရောင်းချ ရပြီး လျှပ်စစ်ကားရောင်းချရမှုမှာ ၁၀၂ ဒသမ  ၆ ရာခိုင်နှုန်းတိုးတက် လာခဲ့သည်။   ဖို့ဒ်ကားကုမ္ပဏီသည် အမေရိကန်တွင်     တက်စလာ နောက် လျှပ်စစ်ကားထုတ်လုပ်မှု ဒုတိယအများဆုံးကုမ္ပဏီ    ဖြစ် လာခဲ့သည်။ 

 


ယခုနှစ် ၁၁ လတာ ကာလ အတွင်း အမေရိကန်ပြည်ထောင်စု အတွင်း  ဖို့ဒ်ကားကုမ္ပဏီထုတ်      လျှပ်စစ်ကားအစီးရေ ၅၃၇၅၂ စီး    ရောင်းချနိုင်ခဲ့သည်။      ဖို့ဒ်ကား ကုမ္ပဏီ ၏     ရောင်းအားသည်   ၂  ဒသမ  ၇   ရာခိုင်နှုန်း    ကျဆင်း သွားသည်။ 
အခြားသော ကားထုတ်လုပ် ရေး ကုမ္ပဏီများတွင်လည်း အမေ ရိကန်၌  အမေရိကန် ဟွန်ဒါကား  ရောင်းချရမှုမှာ     နိုဝင်ဘာလ အတွင်း   ၆ ဒသမ ၁ ရာခိုင်နှုန်း        ကျဆင်းသွားပြီး ဟွန်ဒိုင်းမော်တာ အမေရိကမှာမူ   နိုဝင်ဘာလ အတွင်း ရောင်းချအား ၄၃  ရာခိုင် နှုန်း  တိုးလာသည်ဟု သိရသည်။                 
       

ဆင်ဟွာ