
ဝါရှင်တန် မတ် ၁
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဖေဖော်ဝါရီ ၂၉ ရက်က မက္ကဆီကိုတောင်ပိုင်းနယ်စပ်သို့ သွားရောက်ကာ ကင်းလှည့်ရဲများ၊ ခိုလှုံခွင့်တောင်းခံ သူများအရေး ကိုင်တွယ်ဖြေရှင်းပေးသည့်အရာရှိ များနှင့်တွေ့ဆုံခဲ့သည်။
ဂျိုးဘိုင်ဒင် ၏ ဘရောင်းစ်ဗီလီမြို့နှင့်တက္ကဆက် ခရီးစဉ်တို့သည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့် အဆိုပါမြို့များအနီးသို့လာရောက်လည်ပတ် သည့်ရက်နှင့် တစ်ရက်တည်းပင်ဖြစ်သည်။
၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် ပါဝင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ပြည်နယ် သုံးပုံတစ်ပုံက မဲပေးရွေးချယ်မှုအပြီး ယခုလိုခရီးစဉ် စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက် နယ်စပ်မှအမေရိကန်သို့ တရားမဝင် ခိုးဝင်သူဦးရေမှာ စံချိန်တင်တိုးလာခဲ့ကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။
လုံခြုံရေးကိုတင်းကျပ်စေမည့် နှစ်ဖက်ပါတီ ဥပဒေကြမ်းကို ဂျိုးဘိုင်ဒင်က လွှတ်တော်တွင် ထောက်ခံခဲ့ကြောင်း၊ သို့သော်လည်း ထရမ့်ကမူ အဆိုပါဥပဒေကြမ်းကိုဆိုးရွားသော သဘောတူညီ ချက်ဟု ခေါ်ဝေါ်ခဲ့ပြီး လွန်ခဲ့သည့် သီတင်းပတ် အနည်း ငယ်ကရီပတ်ဘလီကင်အများစုသည် အဆိုပါ အစီအစဉ်ကို ကန့်ကွက်မဲပေးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
ထရမ့်သည် လူဝင်မှုကြီးကြပ်ရေးကို ဦးစားပေး လုပ်ဆောင်ခဲ့သည်။ ၎င်းသည် အီးဂဲလ်ပတ်စ်မြို့သို့ သွားရောက်ခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက် မလာစေရေး တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့ပြုလုပ်ထားသည့်အစီအမံများကို စစ်ဆေးခဲ့သည်။ ထရမ့်က ၎င်းသာသမ္မတရွေးကောက် ပွဲတွင် အနိုင်ရရှိခဲ့ပါက အမေရိကန်သမိုင်းတွင် အကြီး ဆုံးပြည်နှင်ဒဏ်ပေးမှုကြီးကို လုပ်ဆောင်မည်ဟု လည်း ကတိပြုခဲ့သည်။
အင်န်အိတ်ချ်ကေ