
ဝါရှင်တန် နိုဝင်ဘာ ၉
နိုဝင်ဘာ ၈ ရက် အမေရိကန် ကြားဖြတ်ရွေးကောက် ပွဲအပြီးတွင် လွှတ်တော်ကို မည်သူကထိန်းချုပ်နိုင် မည်ကို မဲဆန္ဒရှင်များသိနိုင်ရန် ရက်အတန်ကြာ အချိန်ယူရဦးမည်ဟု အမေရိကန် မီဒီယာများတွင် ဖော်ပြကြသည်။
အပြိုင်အဆိုင်ကြိုးပမ်းနေ
အမေရိကန် အထက်လွှတ်တော်တွင် ၅၁ နေရာ သို့မဟုတ် အဓိကနေရာများကို ထိန်းချုပ်နိုင်ရေး အတွက် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလီကန် များသည် အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ မီဒီယာများ၏ခန့်မှန်းချက်အရ အောက်လွှတ်တော် တွင် ရီပတ်ဘလီကန်များ ကြီးစိုးထားသော်လည်း မဆုံးဖြတ်ရသေးသည့်နေရာများလည်း ရှိနေသေး သည်။
နောက်ဆုံးရလဒ်ကိုသိရှိရန် ကြန့်ကြာနိုင်
ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပြဿနာများ ကြောင့် နောက်ဆုံးရလဒ်ကို သိရှိရန် အချိန် ကြန့်ကြာနိုင်ကြောင်း သည်ဝါရှင်တန်ပို့စ်တွင် ဖော်ပြထားသည်။ လူအများအပြားမှာပယ်မဲများ သို့မဟုတ် မေးလ်ဖြင့် မဲပေးမှုများပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။
အနိုင်ရရှိသူများအားလုံးကို ဆုံးဖြတ်ကြေညာ ရခြင်းမပြုမီ အချိန်တစ်ပတ်ကျော် ကြာမြင့်ကောင်း ကြာမြင့်နိုင်သည်ဟုလည်း သည်ဝါရှင်တန်ပို့စ်တွင် ဖော်ပြထားသည်။ ၂၀၂၀ ပြည့်နှစ် အမေရိကန် ရွေးကောက်ပွဲတွင်လည်း ပြည်နယ်တိုင်းမှ ရလဒ် ကိုသိရှိနိုင်ရန် အချိန်နှစ်ပတ်ယူရသည့် အခြေ အနေကို အခြားသောမီဒီယာများတွင် ထောက်ပြ ဖော်ပြကြသည်။ အင်န်အိတ်ချ်ကေ