ဝါရှင်တန် ဩဂုတ် ၃၀
ဒီမိုကရက်တစ် သမ္မတလောင်းဖြစ်သူ ကာမလာဟားရစ်က ၎င်းသာ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါက ၎င်း၏ အစိုးရအဖွဲ့တွင် ရီပတ်ဘလီကင် တစ်ဦးကို အဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်အပ်သွားရန်စဉ်းစား ကောင်း စဉ်းစားနိုင်သည်ဟု ပြောသည်။
လက်ရှိ အမေရိကန် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသည့် ကာမလာ ဟားရစ်နှင့် မင်နီဆိုးတား အုပ်ချုပ်ရေးမှူး တင်မ်ဝေါ့ဇ်တို့သည် ဩဂုတ်၂၉ ရက်က စီအင်န် အင်န်နှင့် အင်တာဗျူးပြုလုပ်ခဲ့သည်။ ဒီမို ကရက်တစ်သမ္မတလောင်းအဖြစ် ရွေးချယ်ခံရ ပြီးနောက် ကာမလာဟားရစ်အတွက် ပထမ ဆုံးအကြိမ် အဓိကရုပ်သံအင်တာဗျူးလည်း ဖြစ်သည်။ အရေးကြီးသည့်ဆုံးဖြတ်ချက်အချို့ ချမှတ်သည့်အခါ မတူညီသည့် အတွေ့အကြုံ နှင့် မတူညီသည့် ရှုထောင့်မှ စဉ်းစားသည့် လူမျိုးရှိရန် အရေးကြီးသည်ဟု ထင်မြင် ကြောင်း ဟားရစ်က ပြောသည်။
၎င်း၏ အစိုးရအဖွဲ့ဝင် ရီပတ်ဘလီကင် တစ်ဦး ပါဝင်လာပါက အမေရိကန်ပြည်သူများ အတွက် အကျိုးဖြစ်ထွန်းမည်ဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။ ၎င်း၏ အဓိက ဦးစားပေးနှင့် အရေးကြီးဆုံးအရာမှာ လူလတ်တန်းစားများကို ထောက်ပံ့ပေးရန် နှင့် အားကောင်းလာအောင်ပြုလုပ်ရန်ပင် ဖြစ် သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ထို့ပြင် စီးပွားရေးအခွင့်အလမ်းများကိုလည်း အကောင်အထည်ဖော်သွားမည်ဟု ၎င်းက ဆက်ပြောသည်။ အင်န်အိတ်ချ်ကေ