အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ခင်ပွန်း တူဖြင့်တိုက်ခိုက်ခံရ

 

ဝါရှင်တန် အောက်တိုဘာ ၂၉
အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ၏ ခင်ပွန်းဖြစ်သူ အား     ဆန်ဖရန်စစ္စကိုရှိ    ၎င်းတို့ နေအိမ်တွင်     သူစိမ်းတစ်ဦး၏ ကိုယ်ထိလက်ရောက်တူဖြင့် တိုက် ခိုက်ခံရမှုကို  ကြုံတွေ့ခဲ့ရကြောင်း ရဲများက ပြောသည်။ ပေါလ်ပလိုစီ ကို  ဆေးရုံသို့  ခေါ်ဆောင်သွားပြီ ဖြစ်ကာ    အပြည့်အဝပြန်လည် ကျန်းမာလာမည်ဟု   မျှော်လင့်ရ သည်။ 
တူဖြင့်     တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍    သံသယရှိသည့် အသက် ၄၂ နှစ်အရွယ် အမျိုးသား တစ်ဦးကို      ဖမ်းဆီးထားသည် ဟု  သိရသည်။   ကျူးလွန်သူမှာ အောက်လွှတ်တော်   ဥက္ကဋ္ဌကို နေအိမ်၌ ရှာဖွေနေခြင်းဖြစ်သည် ဟု  မီဒီယာများတွင်   ဖော်ပြကြ သည်။ အောက်တိုဘာ  ၂၈  ရက် နံနက်ပိုင်းက  နေအိမ်သို့   အတင်း ဝင်ရောက်ခဲ့ပြီး“နန်စီ ဘယ်ရောက် နေလဲ”  ဟု  အော်ဟစ်ခဲ့ကြောင်း သိရသည်။
ထိုအချိန်က   နန်စီပလိုစီမှာ ဝါရှင်တန်မြို့တွင်     ရှိနေသည်။ အမေရိကန်   ပြည်ထောင်စုတွင် ကြားဖြတ်ရွေးကောက်ပွဲ     မစ တင်မီ  နှစ်ပတ်အလိုတွင်  ယခုလို တိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။         အင်န်အိတ်ချ်ကေ