အမေရိကန် အာကာသအေဂျင်စီ နာဆာက လကမ္ဘာအတွက် အချိန်စံနှုန်းသတ်မှတ်ချက် ဖန်တီးသွားမည်

 

ကယ်လီဖိုးနီးယား  ဧပြီ  ၄


အမေရိကန်အစိုးရသည် လကမ္ဘာ အတွက်      အချိန်စံနှုန်းသတ်မှတ် ချက်       အသစ်ပြုလုပ်သွားရန် စတင်ပြင်ဆင်နေပြီဟု သိရသည်။ လမျက်နှာပြင်ပေါ်တွင်     ကနဦး စူးစမ်းလေ့လာမှုများ   ပြုလုပ်ပြီး အာကာသအတွင်း       အချိန် သတ်မှတ်ချက်တစ်ခု  ပြုလုပ်သွား ရန်   မူဝါဒကို  ဧပြီ   ၂     ရက်တွင်        အိမ်ဖြူတော်က ကြေညာခဲ့သည်။     


အမေရိကန်     အာကာသ အေဂျင်စီ နာဆာသည် လပေါ်တွင်        အချိန်စံနှုန်းကို သတ်မှတ်ရာတွင် ဦးဆောင်သည့်    အခန်းကဏ္ဍမှ    ပါဝင်သွားမည်ဖြစ်သည်။    လပေါ် မှ အချိန်သည်  ကမ္ဘာပေါ်မှ  အချိန် ထက်     အနည်းငယ်ပိုမြန်မည် ဖြစ်သည်။  လပေါ်မှ ဆွဲအားသည်      ကမ္ဘာ့ဆွဲအား၏    ခြောက်ပုံပုံ တစ်ပုံ     ရှိသည့်အတွက်ကြောင့် ဖြစ်သည်။ 


အဆိုပါ   မူဝါဒသစ်သည်  လ၊ အင်္ဂါဂြိုဟ်နှင့်     ပြင်ပမစ်ရှင်များ တွင်   တိကျဘေးကင်းစွာ   လုပ် ဆောင်နိုင်ရန်  ကူညီသွားမည်ဖြစ် သည်။    


  ၂၀၂၆   ခုနှစ်   ဒီဇင်ဘာလ ထက်  နောက်မကျစေဘဲ  နာဆာ သည်        အပြီးသတ်မူဝါဒများကို ပေးပို့သွားမည်ဟု  အိမ်ဖြူတော်  ကပြောသည်။         ကုန်သွယ်ရေး၊ ကာကွယ်ရေး၊   ပြည်နယ်များ အပါအဝင်  သယ်ယူပို့ဆောင်ရေး  ဌာနများနှင့်   ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်သည်။    အာကာသ တွင်    စက္ကန့်တိုင်း အရေးကြီးသည် ဟု        နာဆာအုပ်ချုပ်ရေးမှူး ဘေးလ်နီလ်ဆင်က   ပြောသည်။ 


အင်န်အိတ်ချ်ကေ