
နယူးဒေလီ ဇွန် ၂၄
အီလက်ထရွန်နစ် စီးပွားရေးကုမ္ပဏီကြီးဖြစ်သည့် အမေဇုန်ကုမ္ပဏီကြီးသည် အိန္ဒိယ၌ အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဟု ဇွန် ၂၄ ရက်တွင် ကြေညာသည်။ ထို့ကြောင့် အိန္ဒိယ တွင် အမေဇုန်ကုမ္ပဏီ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ ၂၆ ဘီလီယံအထိ ရှိလာမည်ဖြစ်သည်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် အမေဇုန် စီအီးအို အန်ဒီဂျက်စီ တို့ ဝါရှင်တန်မြို့တွင် ဇွန် ၂၃ ရက်က တွေ့ဆုံပြီးနောက် ယခုလိုကြေညာချက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ အိန္ဒိယဝန်ကြီး ချုပ် မိုဒီနှင့် ဂျက်စီတို့သည် အီလက်ထရွန်နစ် စီးပွား ရေးနှင့် အမေဇုန်ကုမ္ပဏီနှင့် နောက်ထပ်ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်ဟု အိန္ဒိယ ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
အိန္ဒိယနိုင်ငံ၏ အသေးစား၊ အလတ်စားနှင့် အလယ်အလတ်စီးပွားရေးလုပ်ငန်းများ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုကို အိန္ဒိယဝန်ကြီးချုပ်က ကြိုဆို ကြောင်း ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်တွင် ပါဝင် သည်။
ဆင်ဟွာ