အမေဇုန်က အလုပ်သမား ၁၀၀၀၀ ခန့် လျှော့ချသွားမည်

 

နယူးယောက်   နိုဝင်ဘာ   ၁၅ 
နည်းပညာကဏ္ဍတွင် နောက်ဆုံး ကြုံတွေ့နေရသည့် အလုပ်နေရာ လျှော့ချရေး လှိုင်းဂယက်ကြောင့် အမေဇုန်သည်     အလုပ်သမား ၁၀၀၀၀ ခန့် လျှော့ချသွားမည်ဖြစ် ကြောင်း အမေရိကန်မီဒီယာများ တွင် ဖော်ပြထားသည်။ 
အလုပ်လျှော့ချရေးကို    ယခု သီတင်းပတ်         အစောပိုင်းတွင် စတင်သွားမည်     ဖြစ်ကြောင်း ခိုင်မာသော သတင်းရင်းမြစ်များ ကို ကိုးကားပြီးသည် နယူးယောက် တိုင်းမ် သတင်းစာက ဖော်ပြထား သည်။ 
အလုပ်အကိုင်  လျှော့ချခြင်း များကို   Alexa  voice  assistant ဌာန၊     လက်လီရောင်းချမှုဌာန နှင့်      လူ့စွမ်းအားအရင်းအမြစ် ဌာနများအပါအဝင်        Amazon Devices     အဖွဲ့အစည်းများကို အဓိကထား      လုပ်ဆောင်သွား မည်ဖြစ်သည်။ 
လာမည့်       လအနည်းငယ် အတွင်း ဝန်ထမ်းသစ်များ ငှားရမ်း ခြင်းကို      ရပ်နားသွားမည်ဖြစ် ကြောင်း အမေဇုန်က နိုဝင်ဘာလ အစောပိုင်းကတည်းက ကြေညာ ထားသည်။ 
ကိုဗစ်-၁၉ ကပ်ရောဂါကာလ အတွင်း      အွန်လိုင်းဈေးရောင်း ဈေးဝယ်       မြင့်တက်လာသည့် ကိစ္စကို ဖြေရှင်းရန် အမေဇုန်သည် ၎င်း၏လုပ်သားအင်အားကို တိုးချဲ့ ထားသည်။ 
သို့သော်လည်း     နောက်ပိုင်း တွင်  အမေဇုန်နှင့်  တခြားနည်း ပညာကုမ္ပဏီများသည် ကုန်ကျ စရိတ်ကိုချုံ့နိုင်ရန်     လုပ်သား အင်အား ကို လျှော့ချလာကြသည်။ 
အင်န်အိတ်ချ်ကေ