အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာချက်

 

ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ လုပ်ခ/လစာဝင်ငွေများလွှဲပြောင်းသည့် ပမာဏအပေါ် နိုင်ငံတော်က ပံ့ပိုးငွေများ ထောက်ပံ့ပေးမည်

 

နိုင်ငံတော်အတွက်    နိုင်ငံခြားငွေများကို   တစ်ဖက်တစ်လမ်းက   ရှာဖွေပေးလျက်ရှိသည့်  ပြည်ပရောက်  မြန်မာနိုင်ငံသားများအား နိုင်ငံတော်က ချီးမြှောက်သောအားဖြင့်  ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော လုပ်ခ/လစာဝင်ငွေများကို ပြည်ပမှ ပြည်တွင်းသို့ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များမှတစ်ဆင့် လွှဲပို့ခြင်းအတွက်   အမေရိကန်တစ်ဒေါ်လာ  (ယင်းနှင့်ညီမျှသောနိုင်ငံခြားငွေ)အပေါ်တွင်  ၃၀ ကျပ်အား နိုင်ငံတော်က   အပိုဆောင်းငွေအဖြစ်  ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့်  ယင်းသို့ပံ့ပိုးငွေများကို ငွေထုတ်ယူသည့်နေ့တွင် ချက်ချင်းထည့်သွင်းပေးသွား မည်ဖြစ်ပြီး ၁-၁၁-၂၀၂၂ ရက်နေ့မှစ၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပါသည်။  
မြန်မာနိုင်ငံတော်ဗဟိုဘဏ်