အများပြည်သူလုံခြုံရေးအတွက် တာဝန်အရ စစ်ဆေးမှုများဆောင်ရွက်စဉ် ကြည်ဖြူစွာ စစ်ဆေးမှုမခံယူဘဲ  မောင်းနှင်ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ခြောက်လှန့်ပစ်ခတ်ခဲ့ရာမှ အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွား

 

 

နေပြည်တော်   မေ   ၂၃
အများပြည်သူလုံခြုံရေးအတွက် တာဝန်အရ စစ်ဆေးမှု များ    ဆောင်ရွက်စဉ်    လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမှုကိုမခံယူဘဲ မော်တော်ယာဉ်အား မောင်းနှင် ထွက်ပြေးသဖြင့်          ခြောက်လှန့်ပစ်ခတ်ခဲ့ရာမှ အမျိုးသားတစ်ဦး  ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့     သွားရောက်ကုသမှုခံယူခဲ့သော်လည်း သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မေ ၂၀ ရက်တွင်  Toyota Ratics အမျိုးအစား   အဖြူရောင်မော်တော်ယာဉ်အမှတ်၊ MDY-1C /---- သည် မန္တလေးမြို့ဘက်မှ မုံရွာမြို့ ဘက်သို့ မောင်းနှင်လာပြီး မြင်းမူမြို့နယ် အလ္လကပ္ပ ကျေးရွာအနီး    စစ်ဆေးရေးဂိတ်အနီးသို့    မွန်းလွဲ ၂ နာရီခန့်တွင် ရောက်ရှိစဉ် အဆိုပါဂိတ်၌ လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့်      တပ်ဖွဲ့ဝင်များက အများပြည်သူလုံခြုံရေးအတွက် စစ်ဆေးရန် နှစ်ကြိမ် တားဆီးခဲ့ရာ    ရပ်တန့်ပေးခြင်းမရှိဘဲ     မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ငယ်ဖြင့်  ခြောက်လှန့်ပစ်ခတ်ခဲ့သော်လည်း  မော်တော်ယာဉ်မှာ   ရပ်တန့်ခြင်းမရှိဘဲ   ဆက်လက် မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
ဆက်စပ်သတင်းများအရ  မေ ၂၀ ရက်  ညနေ ၃ နာရီခွဲခန့်တွင် ချောင်းဦးမြို့ ပြည်သူ့ဆေးရုံတွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာဖြင့် လူနာတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ  ဒဏ်ရာရရှိသူမှာ ကျော်ညီဇင်(တတိယနှစ်၊  မန္တလေးဆေးတက္ကသိုလ်)ဖြစ်ကြောင်းနှင့်   မြင်းမူမြို့နယ်  အလ္လကပ္ပကျေးရွာ စစ်ဆေးရေးဂိတ်၌     လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေး သွားသည့် Toyota Ratics အမျိုးအစား အဖြူရောင် မော်တော်ယာဉ်အမှတ်၊ MDY-1C /---- ယာဉ်ပေါ်တွင် လိုက်ပါလာသူတစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဒဏ်ရာရအမျိုးသားမှာ   စိုးရိမ်ရသဖြင့်   မုံရွာမြို့သို့ ပို့ဆောင်ဆေးဝါးကုသနိုင်ရေး    ကူညီဆောင်ရွက် ပေးခဲ့ပြီး  ညနေ ၅ နာရီခန့်တွင် မုံရွာမြို့ ပြည်သူ့ ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ မုံရွာမြို့မ ရဲစခန်း၌   ဥပဒေနှင့်အညီ   သေမှုသေခင်းဖွင့်လှစ်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။  သတင်းစဉ်