
နေပြည်တော် မေ ၁၈
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့် အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် အကောင်အထည်ဖော် တည် ဆောက်လျက်ရှိသည့် အလယ် ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းနှင့် နန်ချိုရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွား ရောက် ကြည့်ရှုစစ်ဆေးသည်။
အချိန်မီဖြည့်ဆည်း
ဦးစွာ ပြည်ထောင်စုဝန်ကြီး သည် စီမံကိန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား ရရှိမှုသည် အဓိကကျသည့်အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ သဘာဝအရင်းအမြစ်များ ရရှိမှု အပေါ် အခြေခံ၍ စီးပွားရေးအရ တွက်ခြေကိုက်ပြီး သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်း ကျင်ကို ထိခိုက်မှုအနည်းဆုံး ဖြစ်စေမည့် ရေအားလျှပ်စစ်မှ လျှပ်စစ် ဓာတ်အားထုတ်ယူနိုင် မည့် စီမံကိန်းအသစ်များကို စဉ်ဆက်မပြတ် အကောင်အထည် ဖော် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ သို့မှသာ နိုင်ငံတော်၏ နှစ်စဉ်တိုးတက် သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက် များကို အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည် ဖြစ် ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် စဉ်ဆက် မပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေး ဆောင်ရွက်သွားကြရန် နှင့် စီမံကိန်းပြီးမြောက်ပြီး လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုကို မောင်း နှင်ပေးရန်အတွက် ဝန်ထမ်းများ အိမ်ရာ ဆောက်လုပ်ရာတွင်လည်း စက်ရုံနှင့် အနီးစပ်ဆုံး နေရာများ တွင် ဆောက်လုပ်ပြီး ရာသီသီးနှံ များ စိုက်ပျိုးနိုင်ရေး စီမံဆောင် ရွက်ထားရန် လိုအပ်ပါကြောင်း မှာကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်း ဧရိယာအတွင်း စက်ယန္တရားကြီး များဖြင့် ပင်မတမံမြေကြီးကျောက် သားတူးဖော်လုပ်ငန်း ဆောင်ရွက် နေမှု၊ ရေလွှဲစနစ်လုပ်ငန်း ဆောင် ရွက်နေမှု၊ ဓာတ်အားပေး စက်ရုံ တည်ဆောက်ရန် မြေကြီး/ ကျောက်သား တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် တံတား တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
စီမံဆောင်ရွက်လျက်ရှိ
အလယ် ပေါင်းလောင်း ရေအား လျှပ်စစ်စီမံကိန်းသည် စက်တပ်ဆင်အင်အား ၇၆ မဂ္ဂါဝပ် ရှိ စက်နှစ်လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၁၅၂ မဂ္ဂါ ဝပ်ရှိ ဓာတ်အားပေးစက်ရုံ တပ်ဆင် တည်ဆောက်ကာ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၅၃၀ ဒသမ ၄ သန်း ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အား စနစ်နှင့်ချိတ်ဆက်၍ လျှပ်စစ် ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူး ပေးနိုင်ရေး ရည်ရွယ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ၂၀၂၆-၂၀၂၇ ခုနှစ် တွင် စတင်ဓာတ်အားထုတ်လုပ် နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ သည်။
လိုအပ်သည်များမှာကြား
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးလုပ်ငန်း၊ နန်ချိုရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ ရောက်ရှိပြီး ရေထိန်းတမံအတွင်း ရေသိုလှောင်ထားရှိမှုနှင့် ရေယူ အဆောက်အအုံတို့ကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်