အလယ်အလတ်အဆင့်(Grade-2)နှင့် အဆင့်မြင့် (Grade-3) စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း(အမှတ်စဉ် - ၁၀၀)ဖွင့်လှစ်

 

နေပြည်တော်    မေ   ၂၆


အလယ်အလတ်အဆင့် (Grade-2)နှင့် အဆင့်မြင့် (Grade-3) စာရင်းကိုင်နှင့်  ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း (အမှတ်စဉ် - ၁၀၀)   ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

 


ဖွင့်ပွဲအခမ်းအနားတွင်   ပြည် ထောင်စု       စာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်ထောင်စု စာရင်းချုပ်ရုံးသည် အစိုးရဌာန၊ အဖွဲ့အစည်းများရှိ ဝန်ထမ်းများ အတွက်      အခြေခံလိုအပ်ချက် ဖြစ်သည့်       စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း များကို အခြေခံအဆင့်(Grade-1)၊ အလယ်အလတ်အဆင့် (Grade- 2)နှင့် အဆင့်မြင့်အဆင့် (Grade- 3)အဖြစ် အဆင့်(၃)ဆင့်ခွဲခြား၍ ဖွင့်လှစ်     သင်ကြားပေးလျက်ရှိ ကြောင်း၊ စာရင်းပညာနားလည် တတ်ကျွမ်းပြီး        စည်းမျဉ်း စည်းကမ်းများနှင့်အညီ   အမှား အယွင်းမရှိ စာရင်းရေးဆွဲဆောင် ရွက်နိုင်ရန်နှင့်     ရုံးလုပ်ငန်းများ ကို      စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန်    ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊     ယနေ့ ချိန်အထိ အလယ်အလတ်အဆင့်    အောင်မြင်သူ     ၂၄၇၈   ဦးနှင့် အဆင့်မြင့်အဆင့်  အောင်မြင်သူ ၁၃၂၅ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။

 


ဌာန၊   အဖွဲ့အစည်းများတွင် ဘဏ္ဍာရေးဆိုင်ရာ       စာရင်း မှတ်တမ်းများ   တိကျမှန်ကန်စွာ ရေးသွင်း   ဆောင်ရွက်နိုင်မှုသည် မှန်ကန်သည့်   မူဝါဒနှင့် ဆုံးဖြတ် ချက်များ ချမှတ်ရာတွင် အလွန် အရေးကြီးပါကြောင်း၊  သင်တန်း သားများအနေဖြင့်       လုပ်ငန်း တာဝန်များကို        တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့်  စွမ်းဆောင် ရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်စေ ရန်အတွက်     ယခုသင်တန်းက  သင်ကြားပို့ချပေးမှုများကို အမှန် တကယ်   နားလည်တတ်ကျွမ်း သည်အထိ လေ့လာသင်ယူကြရန် နှင့်      နိုင်ငံ့အကျိုးပြုနိုင်သည့် ထူးချွန်ထက်မြက်သော ဝန်ထမ်း ကောင်းများဖြစ်စေရေး   ကြိုးစား ကြရန်    တိုက်တွန်းပါကြောင်း ပြောကြား သည်။

 


ယင်းနောက်      ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နေပြည်တော် သင်တန်းကျောင်း   ကျောင်းအုပ် ကြီးက သင်တန်းဆိုင်ရာ အချက် အလက်များကို         ရှင်းလင်း ပြောကြားသည်။

 


ဖွင့်ပွဲအခမ်းအနားသို့   အမြဲ တမ်း   အတွင်းဝန်၊  ဌာနဆိုင်ရာ အရာရှိကြီးများ၊ သင်တန်းကထိက များနှင့်       သင်တန်းသားများ တက်ရောက်ကြသည်။  

 


ပြည်ထောင်စုအဆင့် ဝန်ကြီး ဌာန/အဖွဲ့အစည်းများမှ အလယ် အလတ်အဆင့်   (Grade-2) သင်တန်းတွင်   သင်တန်းသား (၁၄၀)၊ အဆင့်မြင့်(Grade-3) သင်တန်းတွင် သင်တန်းသား ၆၈ ဦး စုစုပေါင်းသင်တန်းသား ၂၀၈ ဦး   တက်ရောက်ကြမည်ဖြစ်ပြီး ကူးသန်းရောင်းဝယ်မှု အထွေထွေ ဗဟုသုတ၊    စာရင်းကိုင်ပညာ၊ စာရင်းစစ်ဆေးခြင်း၊ တန်ဖိုးတွက် စာရင်းပညာ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်း၊   ဦးစီးဌာန စာရင်းပညာ၊ ပြည်သူ့ဘဏ္ဍာရေး နှင့် စာတိုချုံးနှင့် ရုံးစာရေးနည်း တို့ကို သုံးလကြာ  သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း      သိရ သည်။                    

 သတင်းစဉ်