အလယ်အလတ်အဆင့် ဥပဒေအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   အောက်တိုဘာ   ၁၃


အလယ်အလတ်အဆင့်  ဥပဒေအရာရှိများ   မွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်း အနားကို ယနေ့  မွန်းလွဲ  ၂  နာရီက    ဥပဒေရေးရာ ဝန်ကြီးဌာနရှိ   အစည်းအဝေးခန်းမ၌   ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်   ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားသည်။ 


သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊    ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊   သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသားများ  တက်ရောက်ကြ သည်။


သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က  သင်တန်းတွင်  Legal English ဘာသာရပ်၊ ဥပဒေမူကြမ်းစိစစ်ရေး ဘာသာ ရပ်အဖြစ် ဥပဒေမူကြမ်းရေးဆွဲခြင်း၊ ပြင်ဆင်သည့် ဥပဒေမူကြမ်းရေးဆွဲခြင်း၊ တစ်ဆင့်ခံဥပဒေ မူကြမ်း ရေးဆွဲခြင်းဆိုင်ရာ ကိစ္စများကိုလည်းကောင်း၊ ဥပဒေ အကြံဉာဏ်ပေးရေး   ဘာသာရပ်အဖြစ်   စီပွားရေး စာချုပ်စာတမ်းများ စိစစ်အကြံပြုခြင်းနှင့် နိုင်ငံပိုင်မြေများစီမံခန့်ခွဲခြင်းနှင့် တရားမဝင်ကျူးကျော်နေ ထိုင်မှုများဆိုင်ရာ မြေယာပြဿနာများ၊ ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ   (နှင်ထုတ်ခြင်း)   အက်ဥပဒေနှင့် စပ်လျဉ်းသည့်   သိကောင်းစရာကိစ္စများကိုလည်းကောင်း၊  တရားစွဲနှင့်  အမှုလိုက်ဘာသာရပ်အဖြစ် ပြစ်မှုဆိုင်ရာအမှုများကို တရားစွဲဆိုခြင်းမပြုမီ ဥပဒေ အကြံဉာဏ်ပေးခြင်း၊   အမှုလိုက်ပါဆောင်ရွက်ခြင်း၊ လျှောက်လဲချက်ပေးခြင်း၊  အယူခံမှု၊   ပြင်ဆင်မှု၊ တရားမမှုဆိုင်ရာကိစ္စများကိုလည်းကောင်း၊     စီမံ ရေးရာဘာသာရပ်အဖြစ် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်း ဥပဒေများ၊ ရုံးစစ်ဆေးခြင်း၊ စီမံရေးရာညွှန်ကြားချက် များ၊ ရသုံးမှန်းခြေငွေစာရင်းဆောင်ရွက်ရန် လုပ်ငန်း စဉ်များကိုလည်းကောင်း သင်ကြားပို့ချခဲ့ပါကြောင်း၊ သင်တန်းမှရရှိသည့်   အမှုလိုက်   ပညာရပ်များနှင့် အသိပညာဗဟုသုတများကို မိမိတို့ လုပ်ငန်းခွင်တွင် လက်တွေ့  ကျင့်သုံးလိုက်နာ   ဆောင်ရွက်ခြင်းဖြင့် မိမိတို့ဌာန၊ မိမိတို့နိုင်ငံ အကျိုးကို ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ကြစေကြောင်း ပြောကြားသည်။ 


သတင်းစဉ်