
နေပြည်တော် ဇွန် ၂၀
အလုပ်သမားဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် အဆိုပါဝန်ကြီးဌာနနှင့် ဆက်စပ်လျက်ရှိသည့် ရုံးဝင်း အနောက်ဘက် မြေကွက်လပ် နေရာ၌ ကျင်းပပြုလုပ်ရာ အလုပ် သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြ သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သစ်ပင်များကို ရှင်သန်ဖွံ့ဖြိုးလာ အောင် စိုက်ပျိုးပြုစုပျိုးထောင်ကြ ခြင်းဖြင့် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်သာယာလှပ လာမည်ဖြစ် သည့်အတွက် ယခုနှစ် မိုးရာသီ ကာလတွင် နိုင်ငံပိုင်သစ်တော စိုက်ခင်းများအပါအဝင် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် သစ်ပင် ပေါင်း ၂၂ ဒသမ ၃၃၂ သန်း စိုက်ပျိုး သွားမည်ဟု သိရှိရပါကြောင်း၊ သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးသူကိုယ်တိုင်နှင့် စိုက်ပျိုး သူများ၏ ပတ်ဝန်းကျင်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင် သည့့်အပြင် အစွန်းရောက်ရာသီ ဥတုဖြစ်စဉ်များကို ကာကွယ်နိုင် ခြင်း၊ လေထုကို သန့်စင်ပေးနိုင် ခြင်း၊ ပတ်ဝန်းကျင်ကို အေးမြစေ ခြင်း၊ မြေဆီလွှာတိုက်စားမှုကို ကာကွယ်နိုင်ခြင်း၊ စားရေရိက္ခာ ဖန်တီးပေးခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း နှင့် စိုက်ပျိုးပြီးအပင်များ ရှင်သန် ဖြစ်ထွန်းစေရေး ဆောင်ရွက်သွား ရန် လိုအပ်ကြောင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများက ပျိုးပင် များကို သတ်မှတ်နေရာများ၌ ဦးဆောင်စိုက်ပျိုးကြပြီး ဌာန ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ က အမျိုးသားရေးလှုပ်ရှားမှု အသွင်ဖြင့် ပျိုးပင်များ စုပေါင်း စိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။
အလုပ်သမား ဝန်ကြီးဌာန အနေဖြင့် ယခုနှစ်မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ကျွန်း ၈၆၇ ပင်၊ ယမနေ ၈၇၉ ပင်၊ ပေါင်း ၁၇၄၆ ပင်ကို တစ်တန်းစီစိုက်ပျိုး၍ မန်ဂျန်ရှားပင် ၁၀၃၀ ကို စိုက်ခင်း ပတ်လည် အနားစပ်များတွင် စိုက်ပျိုးခဲ့သဖြင့် စုစုပေါင်း ၂၇၇၆ ပင်ကို စုပေါင်းစိုက်ပျိုး ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်