အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) တွင် ဆွေးနွေးညှိနှိုင်းမှု အားကောင်းခြင်းဖြင့် အငြင်းပွားမှုများကို လျော့ကျစေနိုင်

 

နေပြည်တော်  ဇွန်   ၈


အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး  ဦးဝင်းရှိန်သည်   ယနေ့ နံနက်ပိုင်းတွင်  ရန်ကုန်မြို့  ဒဂုံ မြို့သစ်     မြောက်ပိုင်းမြို့နယ်ရှိ ကျွမ်းကျင်မှု      လေ့ကျင့်ရေး သင်တန်းကျောင်း အစည်းအဝေး ခန်းမ၌ အလုပ်ရှင်၊  အလုပ်သမား ဆိုင်ရာ အငြင်းပွားမှုများကို ဥပဒေ နှင့်အညီ     ညှိနှိုင်းဖြေရှင်းရန် ဖွဲ့စည်းထားသည့်     ခုံသမာဓိ ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၊      လှိုင်သာယာ မြို့နယ်နှင့်     မင်္ဂလာဒုံမြို့နယ် ညှိနှိုင်းဖျန်ဖြေရေး    အဖွဲ့ဝင်များ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စား လှယ်များနှင့် တွေ့ဆုံသည်။

 


ထိုသို့တွေ့ဆုံရာတွင် ဒုတိယ ဝန်ကြီးက ပြည်ထောင်စုဝန်ကြီး အနေဖြင့် ၂၀၂၁ ခုနှစ် သြဂုတ် လအတွင်း    ယခုအဖွဲ့ဝင်များကို တွေ့ဆုံ၍    လိုအပ်ချက်များ မှာကြားခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ခုံသမာဓိရေးရာ အငြင်းပွားမှု ဖြေရှင်းရေး     ဥပဒေနှင့်အညီ အလုပ်သမားရေးရာ   လုပ်ငန်း ညှိနှိုင်းရေးကော်မတီ    (WCC) ၃၅၄၇ ဖွဲ့၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေ ရေး အဖွဲ့ ၃၂၅ ဖွဲ့၊ ခုံသမာဓိ အဖွဲ့ ၁၅   ဖွဲ့နှင့်   ခုံသမာဓိကောင်စီ   တစ်ဖွဲ့တို့ကို     ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်း။

 


အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီတွင် ကနဦး ဖြေရှင်း၍ ပြေလည်မှုများ ရရှိနေမှု ကြောင့် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းမှုကို များစွာအထောက်အကူ ဖြစ်နေကြောင်း၊  ပြေငြိမ်းမှုမရ သည့် အငြင်းပွားမှုများကို မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဖြင့်ဖြစ်စေ၊ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးရမည့် ကိစ္စရပ်များအတွက်    မြို့နယ် ပေါင်းစပ်အဖွဲ့တို့ဖြင့် ဖြေရှင်းပေး လျက်ရှိကြောင်း။ 

 


ပြည်ထောင်စုနယ်မြေ၊ တိုင်း ဒေသကြီးနှင့်   ပြည်နယ်များရှိ ခုံသမာဓိအဖွဲ့များ      အနေဖြင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ လွှဲပြောင်းပေးသည့်  အငြင်းပွား မှုများကို  ခုံသမာဓိကောင်စီက သတ်မှတ်သော လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊  ခုံသမာဓိ ကောင်စီ၏ အဆုံးအဖြတ်ခံယူရန် လျှောက်ထားလာပါက ဥပဒေနှင့် အညီ ခုံအဖွဲ့ ဖွဲ့စည်း၍ ဆုံးဖြတ် ချက် ချမှတ်ပေးလျက်ရှိကြောင်း။ 

 


ခုံသမာဓိ   ကောင်စီအဖွဲ့ဝင် အနေဖြင့်    ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို  ကျေနပ်မှုမရှိ သဖြင့် ခုံသမာဓိကောင်စီ၏ အဆုံး အဖြတ်ခံယူရန်   တင်သွင်းသည့် လျှောက်ထားလွှာများကို လက်ခံ ရရှိသည့်အခါ ခုံအဖွဲ့ ဖွဲ့စည်း၍ ကြားနာစစ်ဆေးရာတွင် စစ်ဆေး ချက်များ၊   သက်သေခံခြင်းများ အပေါ် အခြေခံ၍ လွတ်လပ်စွာဖြင့် အလုပ်ရှင်နှင့်   အလုပ်သမားတို့ အတွက် မျှတသော ဆုံးဖြတ်ချက် ချမှတ်ရမည်ဖြစ်ကြောင်း၊  အငြင်း ပွားမှုဖြေရှင်းရေး၊     ခုံသမာဓိ ကောင်စီ   လုပ်ထုံးလုပ်နည်းများ နှင့်အညီ       ဆောင်ရွက်ရန် လိုကြောင်း။

 


အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) တွင် ဆွေးနွေးညှိနှိုင်းမှု  အားကောင်း ခြင်းဖြင့်   အငြင်းပွားမှုများကို လျော့ကျစေနိုင်သဖြင့်   (WCC) တိုးမြှင့်ဖွဲ့စည်းရေး ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊   ဖျန်ဖြေရေး အရာထမ်းများအနေဖြင့် အငြင်း ပွားမှုဖြစ်ပွားသည့်    အခြေခံ အကြောင်းအရင်းများ၊ လုပ်ငန်း ခွင်ဆက်ဆံရေး ကောင်းမွန်သည့် စက်ရုံများ၏ အလေ့အထများနှင့် အငြင်းပွားမှု   မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရန် နည်းလမ်း များကို   အသိပညာပေးဆွေးနွေး ခြင်း၊ တစ်ဦးချင်း ညှိနှိုင်းဖျန်ဖြေမှု စွမ်းဆောင်ရည်    မြင့်မားလာစေ ရန်   အတွေ့အကြုံများ   အပြန် အလှန်      ဆွေးနွေးဖလှယ်၍ လက်တွေ့ကျင့်သုံးရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။


သတင်းစဉ်