အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကျင်းပ

 

မန္တလေး  နိုဝင်ဘာ   ၁၇
အလုပ်သမားဝန်ကြီးဌာန၊  အလုပ်သမားရေးရာ  အငြင်းပွားမှုဖြေရှင်း ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသ ကြီး   ချမ်းအေးသာစံမြို့နယ်ရှိ  မန္တလေးမြို့တော်  စည်ပင်သာယာရေး ကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပသည်။ 
အခမ်းအနားသို့ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊  မန္တလေးတိုင်းဒေသ ကြီးဝန်ကြီးချုပ်  ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရ   အဖွဲ့ဝင် ဝန်ကြီးများ၊  ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ အထက် မြန်မာပြည် ခုံသမာဓိအဖွဲ့ဝင်များ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဝင် များနှင့်   ဌာနဆိုင်ရာတာဝန်ရှိသူ များ၊  ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ      ကုန်သည်များနှင့်    စက်မှု လက်မှုလုပ်ငန်းရှင်များ  အသင်း ချုပ်(UMFCCI)နှင့်  မန္တလေးတိုင်း ဒေသကြီး    ကုန်သည်များနှင့် စက်မှုလက်မှု   လုပ်ငန်းရှင်များ အသင်း(MRCCI)တို့မှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။
နှီးနှောဖလှယ်ပွဲတွင်   ပြည် ထောင်စုဝန်ကြီးက အလုပ်သမား ရေးရာ  အငြင်းပွားမှု  ဖြေရှင်းရေး ဆိုင်ရာ   နှီးနှောဖလှယ်ပွဲသည် အလုပ်ရှင်နှင့်         အလုပ်သမား အငြင်းပွားမှုများကို   ဥပဒေနှင့် အညီ ထိရောက်စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့်  ဆုံးဖြတ်ချက် ရလဒ်ကောင်းများကို ရရှိလာစေ ရန်    ရည်ရွယ်ပြုလုပ်ရခြင်း    ဖြစ် ကြောင်း၊ မြန်မာပြည်အောက်ပိုင်း ရှိ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ဝင် များအတွက် အလုပ်သမားရေးရာ အငြင်းပွားမှု   ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၁၄ ရက်တွင်  ရန်ကုန်တိုင်းဒေသ ကြီး၌ ကျင်းပခဲ့ပြီးဖြစ်ကြောင်း။
အလုပ်ရှင်၊   အလုပ်သမား အကြား အငြင်းပွားမှုကို ပြေလည် စွာ ဖြေရှင်းနိုင်ရန်နှင့်  လုပ်ငန်းခွင် ဆက်ဆံရေးကောင်းမွန်လာစေရန် လုပ်ငန်းခွင်အတွင်း၌ အလုပ်ရှင်၊ အလုပ်သမား    ကနဦးဆွေးနွေး ညှိနှိုင်းနိုင်ရေး အလုပ်ရှင်၊ အလုပ် သမား  ကိုယ်စားလှယ်များ  ပါဝင် သည့်         အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး  ကော်မတီ (WCC) ကို  အလုပ်သမား  ၃၀  နှင့် အထက်ရှိသော  စက်ရုံ၊  အလုပ်ရုံ များတွင် ဖွဲ့စည်းပေးထားကြောင်း၊  နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီ တာဝန်ယူဆောင်ရွက်နေ သည့်  ကာလအတွင်း  နိုင်ငံရေး၊ စီးပွားရေး၊    လူမှုရေး   ပြုပြင် ပြောင်းလဲမှုများကို အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊  ထို့ပြင်  စက်မှု လုပ်ငန်းများကိုလည်း  အားပေး ဆောင်ရွက်၍         ပို့ကုန်ကဏ္ဍ မြှင့်တင်ရေး   ဆောင်ရွက်လျက်ရှိ ပြီး  ပြည်တွင်း/ပြည်ပမှ  ရင်းနှီး မြှုပ်နှံမှုများ         ဖိတ်ခေါ်လျက်ရှိ ကြောင်း၊ အငြင်းပွားမှု ဖြေရှင်းရေး ယန္တရားတွင် ပါဝင်သည့် သက်ဆိုင် ရာ ကိုယ်စားလှယ်များအနေဖြင့် အလုပ်ရှင်၊  အလုပ်သမားများ၏ ရပိုင်ခွင့်များကို  ဘက်လိုက်မှုမရှိ ဘဲ   သမာသမတ်ကျစွာ  ဖြေရှင်း ဆောင်ရွက်ရန်လိုအပ်ပြီး   အဖွဲ့ အစည်းစွဲ  မထားဘဲ  အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက်၏အကျိုးကို ကြည့်ရှုဆောင်ရွက်ရန် တိုက်တွန်း ပြောကြားသည်။(အပေါ်ပုံ)
ထို့နောက် နှီးနှောဖလှယ်ပွဲကို ဆက်လက်ကျင်းပရာ အလုပ်သမား ရေးရာ    ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က  နှီးနှော ဖလှယ်ပွဲ  ကျင်းပပြုလုပ်ရသည့် ကိစ္စရပ်များနှင့် ခုံသမာဓိကောင်စီ ဝင် တစ်ဦးက  အလုပ်သမားရေးရာ အငြင်းပွားမှုများ စစ်ဆေးဆုံးဖြတ် ရာတွင် တွေ့ကြုံရသည့် အားနည်း ချက်၊   အားသာချက်များ၊  အလုပ် သမားညွှန်ကြားရေး  ဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊   အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနနှင့် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနတို့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက  ဦးစီး ဌာနအလိုက်       စည်းကြပ်သည့် ဥပဒေများနှင့်အညီ     အကောင် အထည်ဖော်   ဆောင်ရွက်နေမှု၊ ထိုသို့     အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်   တွေ့ကြုံရ သော စိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်းချက်များကို ရှင်းလင်း ဆွေးနွေးကြပြီး တက်ရောက်လာ သည့်  ကိုယ်စားလှယ်များအား အုပ်စု   သုံးစုဖွဲ့၍  အုပ်စုအလိုက် ဆွေးနွေးခြင်းများအပေါ်   အပြန် အလှန်ဆွေးနွေးခြင်းများ ဆောင် ရွက်ကြသည်။
ထို့နောက်   ပြည်ထောင်စု ဝန်ကြီးသည်   အောင်မြေသာစံ မြို့နယ်ရှိ  အလုပ်သမား ဆေးရုံ ကြီး(မန္တလေး)သို့  ရောက်ရှိပြီး ဆေးရုံအတွင်း   လှည့်လည်ကြည့်ရှု စစ်ဆေးကာ  ဆေးရုံတက်ရောက် ကုသနေသည့်   အာမခံအလုပ် သမားများကို     ရင်းရင်းနှီးနှီး နှုတ်ဆက်၍    ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်ကြီးတံခွန် မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း(မန္တလေး)သို့        သွားရောက်စစ်ဆေးပြီး  လိုအပ်သည်များ         ညှိနှိုင်း ဖြည့်ဆည်း              ဆောင်ရွက်ပေး သည်။                        

သတင်းစဉ်