
ရန်ကုန် ဧပြီ ၂၆
မေ ၁ ရက်တွင် ကျရောက်မည့် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေး ပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး လမ်းမ တော်မြို့နယ် မင်းရဲကျော်စွာလမ်း အမှတ်(၂၉)ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန် တိုင်းဒေသကြီး တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောဂျက် ကော့ထူး၊ အလုပ်သမားဝန်ကြီး ဌာန၊ အလုပ်သမားရေးရာဆက်ဆံ ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်ဌေးဝင်းနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် များ၊ ခုံသမာဓိကောင်စီဝင်များ၊ ခုံသမာဓိအဖွဲ့ဝင်များ၊ မြို့နယ် ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)မှ ကိုယ်စားလှယ်များ၊ FTE (လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေး စက်ရုံ) အခြေခံအလုပ်သမားအဖွဲ့ အစည်း၊ Tokyo (ပိုက်စက်ရုံ) အခြေခံအလုပ်သမားအဖွဲ့အစည်း၊ Eslite Co., Ltd(အထည်ချုပ်စက်ရုံ) အခြေခံအလုပ်သမားအဖွဲ့အစည်း နှင့် Tsangyih (ဖိနပ်စက်ရုံ) အခြေခံအလုပ်သမား အဖွဲ့အစည်း တို့မှ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး၊ အမှု ဆောင်နှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက် ရောက်သည်။
ဦးစွာ တိုင်းဒေသကြီး တိုင်း ရင်းသား လူမျိုးရေးရာဝန်ကြီးက မေ ၁ ရက်တွင် ကျရောက်မည့် အလုပ်သမားနေ့ အခမ်းအနားကို နိုင်ငံတော်၏ မူဝါဒများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများ ၏ အကျိုးကို ဘက်ပေါင်းစုံ မှ ဆောင်ရွက်ပေးနေမှုများကို သိရှိနိုင်စေရန်အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့် ဆိုင် ဆွေးနွေးပွဲ ကျင်းပပြီး အလုပ်ရှင်၏ အကျိုးစီးပွားထိခိုက် ခြင်းမရှိစေဘဲ အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့် ရှောက်နိုင်ရန်အတွက် နိုင်ငံတော် မှ ချမှတ်ထားသော မူဝါဒများနှင့် အညီ ဆောင်ရွက်ပေးနေသည့် အလုပ်သမားရေးရာ ကဏ္ဍများကို ဆွေးနွေးဖလှယ်နိုင်ရန် ယခုကဲ့သို့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ကျင်းပ ခြင်းဖြစ်ကြောင်း၊ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် အလုပ်သမား ရေးရာကဏ္ဍများကို ဆွေးနွေး ဖလှယ်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အလုပ်သမား ရေးရာ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အလုပ် သမားဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ အလုပ်အကိုင်နေရာချထားရေး၊ လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိစေရေး၊ အလုပ်ရှင်၊ အလုပ်သမားများ အကြား ဆက်ဆံရေးကောင်းမွန် ပြီး လုပ်ငန်းခွင်အေးချမ်းသာယာ စေရေး၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အလုပ်သမားရေး ရာကိစ္စရပ်များကို ပူးပေါင်းဆောင် ရွက်ရေး စသည့်အလုပ်သမား ရေးရာ ကဏ္ဍများကို ဦးတည် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် အလုပ်သမား ဝန်ကြီးဌာန၏ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ က Moderator အဖြစ် ဆောင်ရွက် ပြီး အလုပ်သမားဝန်ကြီးဌာနမှ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများ၏ အကျိုးကို ဆောင်ရွက်ပေးခဲ့မှုကို အစိုးရကိုယ်စားလှယ်၊ အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်များက အုပ်စု သုံးစုဖွဲ့၍ အပြန်အလှန် ဆွေးနွေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်