အလုပ်ရှင်နှင့်အလုပ်သမားကြား ချိတ်ဆက်ပေးမည့် Joblinkage ဝက်ဘ်ပေါ်တယ် မိတ်ဆက်

 

မန္တလေး   ဇူလိုင်   ၁၄


မန္တလေးမြို့နှင့် အနီးတစ်ဝိုက်မှလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအတွက် လိုအပ်သော ကျွမ်းကျင်ဝန်ထမ်းများ ကို တစ်နေရာတည်းမှ လျင်မြန်စွာရရှိစေရန် MRCCI Joblinkage Web Portal (https://mrccijoblinkage.com/) ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်/စက်မှုအသင်းချုပ်မှ သိရသည်။

 


MRCC Joblinkage ၌ နယ်ပယ်ပေါင်းစုံမှ အလုပ်အကိုင်များအတွက် သက်ဆိုင်ရာကုမ္ပဏီများက တိုက်ရိုက်ခေါ်ယူထားမှုများကို မြင်တွေ့ရမည်ဖြစ်ပြီး အလုပ်အကိုင်ရရှိလိုသူများ လွယ်ကူစွာ ချိတ်ဆက် နိုင်မည်ဖြစ်သည်။  MRCCI Joblinkage Web Portal တွင် မိမိ၏ profile ကို  စိတ်ကြိုက်တည်ဆောက် နိုင်သည့်အပြင် မိမိအရည်အချင်းနှင့် ကိုက်ညီသောအလုပ်များကို ကုမ္ပဏီများသို့ တိုက်ရိုက်လျှောက်ထား နိုင်ပြီး ဝန်ဆောင်ခ လုံးဝပေးစရာမလိုဘဲ ရွေးချယ်ခံရသော ဝန်ထမ်းများအား သက်ဆိုင်ရာကုမ္ပဏီများမှ တိုက်ရိုက်ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

 


MRCCI Joblinkage သည် MRCCI အသင်းကြီးနှင့် IHK (Reutlingen CCI) တို့ ပူးပေါင်းထူထောင်ထား သော Web Portal ဖြစ်ပြီး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် အလုပ်ရှာဖွေနေသော ဝန်ထမ်းများအကြား ချိတ်ဆက်ပေးမည့် ပေါင်းကူးတံတားတစ်ခုဖြစ်လာရန် ရည်ရွယ်ထားကြောင်း သိရသည်။                                                                                                                     
ကိုရိုး