
လင်းဟန်သစ်
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ် က အသက် ၂၅ နှစ်အရွယ် အတူမီရှာ ရာဟာ နောက်ထပ် သင်တန်းတက်ရင်း အလုပ်ရဖို့ မျှော်လင့်ချက်လေးနဲ့ မြို့တော်ဒေလီမှာနေနေတာ လေးနှစ် တောင် ကြာခဲ့ပြီဖြစ်ပါတယ်။ မီရှာရာ ဟာ အိန္ဒိယနိုင်ငံမှာရှိတဲ့ သန်းချီသော အလုပ်လက်မဲ့ လူငယ်များထဲက တစ်ယောက်ဖြစ်ပါတယ်။ မီရှာရာဟာ မိသားစုရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်ဖို့ အလုပ်တစ်ခုရဖို့အတွက် ကြိုးစားနေတဲ့ လူငယ်တစ်ယောက်လည်း ဖြစ်ပါတယ်။
စာမေးပွဲအတွက်
လေ့ကျင့်ပြင်ဆင်လျက်ရှိ
လယ်သမားတစ်ယောက်ရဲ့ သား ဖြစ်တဲ့ မီရှာရာဟာ မြို့တော်ဒေလီရဲ့ ရိုဟီနီဒေသမှာ အခန်းတစ်ခန်း ငှားရမ်း နေထိုင်ပြီး အစိုးရအလုပ်တစ်ခုရဖို့အရေး ယှဉ်ပြိုင်မှုပြင်းထန်တဲ့ အစိုးရဝင်ခွင့် စာမေးပွဲအောင်ဖို့ ပြင်ဆင်လျက်ရှိပါ တယ်။
“ကျွန်တော် ကြိုးစားလျက်ရှိသလို အချိန်တွေကလည်း အကုန်မြန်နေ ပါတယ်။ လွန်ခဲ့တဲ့နှစ် နှစ်က ကိုဗစ်-၁၉ ကြောင့် အခြေအနေတွေ ဆိုးရွားလျက် ရှိပါတယ်။ အခုတော့ ဘာတွေ ဆက်ဖြစ် မလဲဆိုတာကို စောင့်ကြည့်ရဦးမယ်” လို့ မီရှာရာက ပြောကြားလိုက်ပါတယ်။
မီရှာရာဟာ အစိုးရစာမေးပွဲအောင် ပြီး အလုပ်တစ်ခုရဖို့ ရည်မှန်းချက်ထားကြိုးစားလျက်ရှိပါတယ်။ နှစ်ပတ်တစ်ခါ တနင်္ဂနွေနေ့တိုင်း ဒါယာဂန့်ဂျ်စာအုပ် ဈေးလေးကို အလည်သွားပြီး မေးခွန်း လွှာတွေ ဝယ်ခဲ့ပါတယ်။ ငှားထားတဲ့ အခန်းပြန်ရောက်ရင် စာမေးပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိပါတယ်။
အထောက်အကူပြုလျက်ရှိ
ဒါယာဂန့်ဂျ်စာအုပ် ဈေးလေးဟာ အစိုးရစာမေးပွဲဖြေမယ့် လူငယ်များ ကြား နာမည်ကြီးလျက်ရှိပါတယ်။
တနင်္ဂနွေနေ့မှာ စာအုပ်ဈေးသည် တွေဟာ လူသွားစင်္ကြံတစ်လျှောက် စာအုပ်တွေခင်းပြီး ရောင်းချကြပါတယ်။ ရောင်းချတဲ့စာအုပ်တွေမှာ ပညာရေးမှ သည် မျက်မှောက်ရေးရာအထိ ပါဝင် ပါတယ်။ မဂ္ဂဇင်း၊ စာမေးပွဲမေးခွန်းလွှာ၊ လေ့လာစရာသုတအဖြာဖြာကို ဈေးနှုန်း ချိုသာစွာ ရောင်းချပေးလျက်ရှိပါ တယ်။ အဲဒီစာအုပ်စာတမ်းစာစောင်တွေ ဟာ ကျောင်းသားတွေကို တင်းကျပ်တဲ့ အစိုးရစာမေးပွဲအောင်ဖို့ တစ်ဖက် တစ်လမ်းက အထောက်အကူပြုလျက် ရှိပါတယ်။
အလုပ်တစ်ခုရဖို့ပါပဲ
“ကျွန်တော့်ရဲ့ဆန္ဒကတော့ အလုပ် တစ်ခုရဖို့ပါပဲ၊ ဒါမှသာ ကျွန်တော့် မိသားစုရဲ့အနာဂတ်ကို လုံခြုံစိတ်ချ အောင် လုပ်ဆောင်နိုင်မှာလို့” မီရှာရာက ပြောပါတယ်။ အဖေက လယ်သမား တစ်ယောက်ဖြစ်ပါတယ်။ လယ်ယာ စိုက်ပျိုးခြင်းက လက်ရှိမှာတော့ မိသားစု ကို သက်သောင့်သက်သာ ထိန်းကျောင်း သွားနိုင်ဖို့ မလုံလောက်ပါဘူးလို့ သူက ပြောပါတယ်။
မီရှာရာကဲ့သို့ လူငယ်များဟာ အရှိန် ညီးညီးတောက်လောက်နေတဲ့ အိန္ဒိယ နိုင်ငံရဲ့စီးပွားရေးကို ကူညီထောက်ပံ့ရန် လုပ်ဆောင်နေသော်လည်း အလုပ် အကိုင်မရှိတာကြောင့် အနှောင့်အယှက် တွေဖြစ်လို့နေပါတယ်။
အပျက်စိတ်တွေလွှမ်းမိုး
ဒီလောက် ယှဉ်ပြိုင်မှုပြင်းထန်ပြီး အလုပ်လက်မဲ့တွေများတဲ့ အခုလို အခြေအနေမှာ တစ်ခါတစ်ရံ ဆန့်ကျင် ဘက်အတွေးအခေါ်တွေနဲ့ အပျက်စိတ် တွေဟာ မိမိရဲ့စိတ်ကို လွှမ်းမိုးလာတယ်။ အလုပ်မရရင် ဘာတွေဆက်ဖြစ်မလဲ ဆိုပြီးတော့။ သို့သော်လည်း အဲဒီအပျက် စိတ်ထဲက ရုန်းထွက်ပြီး အကြောက် တရားတွေကို ကျော်လွှားနိုင်အောင် ကြိုးစားလိုက်တယ်လို့ မီရှာရာက ပြောပါတယ်။
အလုပ်တစ်ခုရအောင် အစိုးရစာမေး ပွဲဖြေပြီးရင်တောင် အစိုးရအေဂျင်စီ တွေက စာမေးပွဲရလဒ်ကို ကြေညာဖို့ သုံးနှစ်ကနေ ငါးနှစ်အထိ ကြာတတ် တယ်လို့ သူက ပြောပါတယ်။
ဒေါသတွေထွက်လာ
အလုပ်လက်မဲ့တွေ မြင့်တက်လာ ခြင်းနဲ့ အလုပ်အကိုင်မရှိခြင်းဟာ အိန္ဒိယ နိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံး ဥတာ ပရာဒေ့ရှ် ပြည်နယ်ရဲ့ ရွေးကောက်ပွဲမှာ ကြီးမားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာကြီးတစ်ခု ဖြစ်ပါတယ်။
မကြာသေးမီက အိန္ဒိယကာကွယ် ရေးဝန်ကြီး ရာဂျ်နက်သ်ဆင်းရဲ့ ရွေးကောက်ပွဲလှုပ်ရှားမှုမိန့်ခွန်းကို အဲဒီ ပြည်နယ်မှာရှိတဲ့ အလုပ်ရှာဖွေနေတဲ့ လူငယ်တစ်ယောက်က ထိုးနှက်ခဲ့ပါ တယ်။ အဲဒီလူငယ်က အိန္ဒိယကာကွယ် ရေးဝန်ကြီးကို အိန္ဒိယတပ်မတော်မှာ ဘယ်တော့ လူသစ်စုဆောင်းမှာလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။
ဥတာပရာဒေ့ရှ်ကဲ့သို့ပဲ အိန္ဒိယ နိုင်ငံရဲ့ တခြားအစိတ်အပိုင်းမှာရှိတဲ့ လူငယ်တွေဟာ အလုပ်အကိုင်အလွန်ပဲရချင်ခဲ့ပါတယ်။ သူတို့မျှော်မှန်းသလို ဖြစ်မလာတဲ့အခါမှာ တစ်ခါတစ်ရံမှာ ဒေါသထွက်ခြင်း၊ ပေါက်ကွဲခြင်းတွေ ဘက်ကို ဦးတည်လာပါတယ်။
ဆန္ဒပြမှုတွေဖြစ်
လွန်ခဲ့တဲ့လက အလုပ်ရှာဖွေသူတွေ ဟာ အစိုးရ ရထားဌာန လူသစ်စုဆောင်း ရေးက ကျင်းပတဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ စာမေးပွဲမှာ စံသတ်မှတ်ချက်တွေနဲ့ လွဲနေတယ်ဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ထဲက တချို့ဟာ လူစီးရထားတွဲ တွေကို မီးရှို့ခဲ့ကြပါတယ်။
ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ ရဲတွေကို ကျောက်တုံးတွေနဲ့ ပစ်ပေါက် ခဲ့ကြသလို ရထားပြေးဆွဲမှုတွေကိုလည်း ပိတ်ဆို့ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဆန္ဒပြ တဲ့ လူအုပ်ကြီးကို ရဲတွေက မီးခိုးဗုံးတွေနဲ့ ပစ်ပြီး လူစုခွဲခဲ့ရပါတယ်။
ပညာရေးမြင့်မားသူတွေတောင်
လုပ်ခလစာနည်းတဲ့ အလုပ်တွေလုပ်နေ
နိုင်ငံတစ်ဝန်းမှာ အလုပ်လက်မဲ့နှုန်း တွေ မြင့်တက်လာခဲ့တဲ့အတွက် အမျိုး သမီးတွေအအပါအဝင် အိန္ဒိယ၌ သန်းချီ တဲ့ လူငယ်တွေဟာ အလုပ်တစ်ခုတောင် မရရှိခဲ့ကြပါဘူး။ ဘွဲ့ရတွေတောင် အတူတူ အလုပ်ရှာဖွေမှုတွေကို ရပ်ဆိုင်း လိုက်ပါပြီ။ တကယ့်မြင့်မားတဲ့ အရည် အချင်းရှိသူတွေတောင် လုပ်ခလစာနည်း တဲ့အလုပ်တွေကို လုပ်နေကြပါတယ်။
လွန်ခဲ့တဲ့နှစ်ဒီဇင်ဘာက အစိုးရဌာန မှာအလုပ်လုပ်ဖို့ ၁၀ တန်းအောင် အဆင့် ရှိတဲ့ ရုံးအကူ၊ ယာဉ်မောင်းနဲ့ ညစောင့် ၁၅ နေရာကိုခေါ်ယူခဲ့ရာမှာ လာရောက် လျှောက်ထားတဲ့ အရေအတွက်ဟာ ၁၁၀၀၀ ကျော်ခဲ့ပါတယ်။ အဲဒီထဲမှာ ဘွဲ့ရတွေ၊ ဘွဲ့လွန်တွေ၊ အင်ဂျင်နီယာဘွဲ့ တွေ၊ ဥပဒေဘွဲ့တွေတောင် ပါလာပါ တယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ အိန္ဒိယ နိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ ၅၃ သန်း ရှိပြီး အများစုကတော့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ သူတို့ထဲက ၃၅ သန်းမှာ အလုပ်ရှာဖွေလျက်ရှိပြီး ၁၇ သန်းမှာ အလုပ်လုပ်ဖို့ စိတ်အားထက်သန်သူ တွေ ဖြစ်ကြပါတယ်။
အလုပ်လက်မဲ့တွေ မြင့်တက်လာ
သို့သော်လည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ လမှာ အလုပ်လက်မဲ့နှုန်းဟာ ၁ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ကြောက်စရာ ကောင်းလောက်အောင် အလုပ်လက်မဲ့နှုန်းဟာ ၇ ဒသမ ၉ ရာခိုင် နှုန်းအထိရှိခဲ့ပါတယ်။
ဆက်လက်ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ဟာ အိန္ဒိယနိုင်ငံရဲ့စီးပွားရေးကို အကြီး အကျယ် နှောင့်ယှက်လျက်ရှိပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်းမှာ အလုပ် ဆုံးရှုံးမှုတွေမြင့်တက်လာပြီး အလုပ် လက်မဲ့နှုန်းတွေ မိုးထိရောက်ရှိလာခဲ့ပါ တယ်။
ကိုးကား- ဆင်ဟွာ