
ရန်ကုန် ဇန်နဝါရီ ၅
ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး အနေဖြင့် အလုပ်ကမ်းလှမ်းစာ (Demand Letter) စိစစ်ခြင်း လုပ်ငန်းစဉ် ပိုမိုထိရောက်မြန်ဆန် စေရန်အတွက် ပြောင်းလဲဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၅ ရက်တွင် အသိပေးထား သည်။
အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် မြန်မာသံရုံးသို့ ပေးပို့လာသည့် Demand Letter များကို စိစစ်နိုင် ရန်အတွက် အချက်အလက်ပေးပို့ ရန် ဂျပန်ကုမ္ပဏီတစ်ခုချင်းစီ အား ဖက်စ်ပေးပို့ခြင်းမပြုတော့ဘဲ သံရုံး၏ လူမှုကွန်ရက်နှင့် ဝက်ဘ်ဆိုက်တွင် (တစ်ပတ်လျှင်) တစ်ကြိမ် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ဆိုထားသည်။
ထို့အတူ သက်ဆိုင်ရာကုမ္ပဏီ များမှ စာတိုက်မှတစ်ဆင့်ပေးပို့ လာသော အချက်အလက်များ သံရုံးတွင်လက်ခံရရှိပါက Demand Letter မှန်ကန်မှု ရှိ/မရှိစိစစ်ကာ မှန်ကန်သည့် ကုမ္ပဏီများစာရင်း ကို အလုပ်သမားဝန်ကြီးဌာနသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ပြန်လည်ပေးပို့ခြင်းနှင့် အဆိုပါ စာရင်းများကို ၁၅ ရက်လျှင် တစ်ကြိမ်နှုန်းဖြင့် သံရုံး၏ လူမှု ကွန်ရက်တွင် ထုတ်ပြန်ကြေညာ ပေးသွားမည်ဟု သိရသည်။
ဂျပန်ကုမ္ပဏီများမှ ပေးပို့ ရမည့် အချက်အလက်/စာရွက် စာတမ်းများကိုလည်း သံရုံး၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထား မည်ဖြစ်ကြောင်းလည်း သိရ သည်။
MT