အလုပ်အကိုင်ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော်  စက်တင်ဘာ  ၁


အလုပ်အကိုင်ကျွမ်းကျင်မှု    ‘စံ’  သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်     ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကို    ယနေ့  မွန်းလွဲပိုင်းတွင်     စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။
စက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်
အစည်းအဝေးတွင်          စက်မှုဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး    ဒေါက်တာ ချာလီသန်းက နေပြည်တော်   ဒက္ခိဏသီရိ   စက်မှုဇုန်တွင်ရှိသည့် လုပ်သားများကို    အလုပ်အကိုင်ကျွမ်းကျင်မှု    ‘စံ’ သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေး ခြင်းဆိုင်ရာ ကိစ္စရပ်များကို   ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နောင်အနာဂတ်တွင်  နေပြည်တော်၌    စက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး အတွက်    သင်တန်းကျောင်းများ    တည်ထောင်ရေး ကိုလည်း     စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊   ယခုအချိန်တွင်   နေပြည်တော်ကောင်စီနယ်မြေ၌      စက်မှုလုပ်ငန်း  အကြီး၊ အလတ်၊ အငယ် စုစုပေါင်း ၆၆၈ခု ရှိကြောင်း။
လုပ်ငန်းခွင်ဝင်နိုင်အောင် စီစဉ်
မိမိတို့ဌာနရှိ      စက်မှုသင်တန်းကျောင်းများ တွင် တစ်နှစ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးပြီး လုပ်ငန်းခွင်ဝင်နိုင်အောင်  စီစဉ်ပေးလျက်ရှိကြောင်း၊ တစ်ဖက်မှလည်း NSSA Level အလိုက် ဝင်ရောက် ဖြေဆိုခွင့် ရရန်အတွက် လမ်းကြောင်းများ ဖန်တီးပေး ထားပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် ချက်ဖြစ်သည့် နေပြည်တော်၊ ဒက္ခိဏသီရိ စက်မှုဇုန် တွင်ရှိသည့်   လုပ်သားများကို ကျွမ်းကျင်မှု အသိ အမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန် နှင့်    MNQF ရေးဆွဲရာတွင်   စက်မှုဇုန်/ လုပ်ငန်းခွင် မှ   ကျွမ်းကျင်လုပ်သားများအတွက်ပါ   Lifelong Learning    အခွင့်အလမ်းရရှိစေမည့်   နည်းလမ်းများ ကို ထည့်သွင်းစဉ်းစားနိုင်ရေး  ဆွေးနွေးညှိနှိုင်းပေးရန် တိုက်တွန်းပါကြောင်း  ပြောကြားသည်။
အပြည့်အဝပါဝင်ပူးပေါင်း
ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဒေါက်တာ မျိုးသိမ်းကျော် က ဒက္ခိဏသီရိစက်မှုဇုန်ရှိ လုပ်သားများအတွက် ကျွမ်းကျင်မှု  ‘စံ’ သတ်မှတ်ခြင်းနှင့်  အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရေးဆိုင်ရာ ကိစ္စရပ်များတွင် အပြည့်အဝ ပါဝင်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။ 
ယင်းနောက် တက်ရောက်လာကြသည့် ဒုတိယ ဝန်ကြီးများ၊   ညွှန်ကြားရေးမှူးချုပ်များက ဝန်ကြီး ဌာနအလိုက်     အလုပ်အကိုင်ကျွမ်းကျင်မှုဆိုင်ရာ ‘စံ’ သတ်မှတ်ခြင်းနှင့်   အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိသည့်အခြေအနေများနှင့် ဒက္ခိဏ သီရိ     စက်မှုဇုန်တွင်ရှိသော   လုပ်သားများအတွက် ကျွမ်းကျင်မှု   ‘စံ’ သတ်မှတ်ခြင်းနှင့်  အသိအမှတ်ပြု လက်မှတ်များ  ထုတ်ပေးနိုင်ရေးအတွက်  မူဝါဒများ ချမှတ်ခြင်း၊  လုပ်ငန်းစဉ်များ   သတ်မှတ်ခြင်းတို့ကို ဆွေးနွေးညှိနှိုင်းကြပြီး ပြည်ထောင်စုဝန်ကြီးများက နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ရှိ ဒက္ခိဏသီရိစက်မှုဇုန်သို့ သွားရောက် ပြီး Pilot Project အနေဖြင့် စက်မှုလုပ်သားများ၏ ပညာအရည်အချင်း၊   ကျွမ်းကျင်မှု၊   အသိအမှတ်ပြု လက်မှတ်များရရှိမှု၊    စက်မှုဇုန်အတွင်းရှိ     စက်မှု လုပ်ငန်းများအတွက် လိုအပ်သော လုပ်သားအမျိုး အစားတို့နှင့် ပတ်သက်၍ သန်းခေါင်စာရင်း စတင် ကောက်ယူနေမှုအခြေအနေတို့ကို      လှည့်လည် အားပေး     ကြည့်ရှုစစ်ဆေးပြီး     လိုအပ်ချက်များ ကို   ညှိနှိုင်းပေါင်းစပ်   ဖြည့်ဆည်းဆောင်ရွက်ပေး သည်။                          

သတင်းစဉ်