အလုံမြို့နယ်၌ အထက်တန်းရှေ့နေတစ်ဦးကို ဝိုင်းဝန်းရိုက်နှက် ခုတ်ထစ်လုယူခံရမှုနှင့် ပတ်သက်၍ တရားခံ ကျားခုနစ်ဦးနှင့် အခြားအမှုမှ ဆက်စပ်တရားခံ သုံးဦးတို့အား ဖမ်းဆီးရမိ

 

နေပြည်တော်     မတ်     ၇
၂၀၂၄ ခုနှစ် မတ် ၅ ရက် မွန်းလွဲ  ၂  နာရီ  မိနစ်  ၅၀ တွင် အထက်တန်းရှေ့နေ   ဦးနေလင်းအောင်သည် ကြည့်မြင်တိုင်မြို့နယ်တရားရုံးမှ   အမှုစစ်ဆေးပြီး ၎င်းပိုင် 9C-3620 Toyota Celsior မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် အလုံမြို့နယ် ဆင်ရေကန်လမ်းအရောက် ၌ 4E-7950 Probox ခဲရောင်(ငှား)ယာဉ်က ဘေးမှ ပွတ်တိုက်ပြီး    အဆိုပါယာဉ်ပေါ်မှ     အမည်မသိ လူခုနစ်ဦး(စိစစ်ဆဲ) ဆင်းလာကာ သံတုတ်၊ ဓားရှည် များဖြင့် ဝိုင်းဝန်းရိုက်နှက် ခုတ်ထစ်၍ ပြတ်ရှဒဏ်ရာ များ (စိုးရိမ်ရ)ရရှိပြီး ဦးနေလင်းအောင်  ကိုင်ဆောင် သော Infinix Note 13  အမျိုးအစား  လက်ကိုင်ဖုန်းနှင့် တန်ဖိုးငွေ ခုနစ်သိန်းကျပ်အား  လုယက်ယူဆောင် သွားသဖြင့်     အရေးယူပေးရန်    အထက်တန်းရှေ့နေ ဒေါ်အေးအေးမာက      တရားလိုပြုလုပ်တိုင်တန်း၍
အလုံမြို့မရဲစခန်းတွင်   (ပ)၅၄/ ၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅၊ ၃၉၇ ဖြင့်  အမှုဖွင့်၍  စုံစမ်းလျက် ရှိသည်။
အမှုနှင့်ပတ်သက်၍    ပြစ်မှု ကျူးလွန်သည့်  တရားခံများအား ဖမ်းဆီးရမိရေးအတွက်    စုံစမ်း ဆောင်ရွက်ခဲ့ရာ  ပြစ်မှုကျူးလွန် ရာတွင် အသုံးပြုသည့်    4E-7950 Probox ခဲရောင်   (ငှား)  ယာဉ်၏ ယာဉ်မောင်းမှာ ကိုရဲ(ခ)ရဲကျော်လင်းဖြစ်ကြောင်းသိရှိရပြီး   ၎င်း  အား ဖမ်းဆီးစစ်ဆေးဖော်ထုတ် ချက်အရလည်းကောင်း၊  အမာခံ သတင်းပေးများ၊  ပတ်ဝန်းကျင် သက်သေများ၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုကို  ပျက်ပြားစေသော အကြမ်းဖက်မှု၊    ဓားပြတိုက်မှု၊ လုယက်မှုများကို မလိုလားသည့် ဒေသခံပြည်သူလူထု၏  လျှို့ဝှက် သတင်းပေးပို့ချက်အရ      ပြစ်မှု ကျူးလွန်သူများသည်    YGN-13 2E-6732 Toyota Hilux Surf နက်/ပြာရောင်    မော်တော်ယာဉ် တစ်စီး၊ YGN-43 3E-5925 Suzuki Swift အပြာရောင်မော်တော်ယာဉ် တစ်စီး စုစုပေါင်း မော်တော်ယာဉ် နှစ်စီးတို့ဖြင့် စစ်ကိုင်းတိုင်းဒေသ ကြီး    စစ်ကိုင်းမြို့   တကောင်း ရပ်ကွက် ပုဗ္ဗာရုံကျောင်းတိုက်ဝင်း အတွင်း၌ ရောက်ရှိတိမ်းရှောင်နေ ကြောင်း သတင်းရရှိ၍  ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်သို့   တင်ပြ ပြီး     စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်၍ ဖမ်းဆီး ရမိရေးဆောင်ရွက်ခဲ့ရာ    ပြစ်မှု ကျူးလွန်သူ တရားခံများဖြစ်သော ငမျိုး (ခ) ကိုမျိုး (ခ) ရဲမျိုးသိန်းပါ ခြောက်ဦးနှင့်အတူ အခြားအမှုမှ ဆက်စပ်တရားခံ မျိုးမင်းနိုင်(ခ) အရှည်ကြီးပါ  သုံးဦး  စုစုပေါင်း  ကိုးဦးအား စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က မတ်  ၆ ရက်  မွန်းလွဲ  ၁ နာရီ ၄၅ မိနစ်ခန့်တွင် မော်တော် ယာဉ်နှစ်စီး၊   ဓားရှည်ငါးချောင်း၊  ဓားမြှောင်နှစ်ချောင်း၊    လေးခွ တစ်လက်၊ သံကုန်းသီး  ၄၂   လုံးတို့ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ   ငမျိုး   (ခ)ကိုမျိုး  (ခ)    ရဲမျိုးသိန်းသည် ကြည့်မြင်တိုင်မြို့မရဲစခန်း   (ပ) ၂၂၅/၂၀၁၁၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄၊၃၂၃/၁၁၄ ၊ ဝေဘာဂီနယ်မြေ ရဲစခန်း (ပ)၅၂၂/၂၀၁၁၊ ရာဇသတ် ကြီးပုဒ်မ ၃၀၂/၃၄ နှင့်  ကမာရွတ် မြို့မရဲစခန်း   (ပ)   ၂၂၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၂၆/ ၁၁၄   အမှုများနှင့်   ထွက်ပြေး တိမ်းရှောင်နေသည့်အပြင် ငမျိုး (ခ)ကိုမျိုး(ခ) ရဲမျိုးသိန်း၊ ဥက္ကာနှင့် အောင်ကြီး(ခ)အောင်မြတ်မင်း တို့သုံးဦးသည် ကြည့်မြင်တိုင်မြို့မ ရဲစခန်း (ပ)၂၀၆/၂၀၂၃၊ ရာဇသတ် ကြီးပုဒ်မ ၃၀၂ အမှုမှ သေဆုံးသူ ဦးကျော်ဝင်းစိန်အား သတ်ဖြတ် ရာတွင်  အဓိကဦးဆောင်သူများ ဖြစ်ကြောင်း သေဆုံးသူ၏မိသားစု များထံမှ     စွပ်စွဲခံထားရသူများ ဖြစ်၍ တရားခံများအား ဥပဒေအရ အရေးယူ    ဆောင်ရွက်နိုင်ရေး အသေးစိတ်    စစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်