
၁။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့တွင် ကျရောက်မည့် အပြည် ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “Transformative solutions for inclusive development: the role of innovation in fuelling an accessible and equitable world” ကို “အားလုံးပါဝင်ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင် အဖြေရှာစို့။ အားလုံးလက်လှမ်းမီညီမျှရေး၊ တီထွင်ဖန်တီးမှု စွမ်းအားဖြင့် ဆောင်ရွက်ပေး” ဟူ၍ မြန်မာဘာသာသို့ ပြန်ဆိုထားရှိပြီး ဖြစ်ပါ သည်။
၂။ သို့ဖြစ်ပါ၍ စာပေဝါသနာရှင်များအနေဖြင့် ယခုနှစ်အတွက် သတ်မှတ်ထားရှိသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်းပါးပါဝင်ယှဉ်ပြိုင် နိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။ ဆောင်းပါးတွင် အောက်ဖော်ပြပါ အချက်များ ထည့်သွင်းရေးသားသင့်ပါသည်-
(က) မသန်စွမ်းသူများအတွက် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံ တကာလှုပ်ရှားဆောင်ရွက်မှုများ၊
( ခ ) အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ပေါ်ပေါက်လာပုံ၊
(ဂ ) အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ကျင်းပရသည့် ရည်ရွယ်ချက်၊
(ဃ) မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းတွင် ဖော်ပြပါရှိသော တန်းတူအခွင့်အရေးများ၊
(င ) နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များ၊
(စ) မသန်စွမ်းသူများကြုံတွေ့နေရသည့် အတားအဆီးတို့နှင့် စပ်လျဉ်း၍ ထင်မြင်ယူဆချက် ( ဥပမာ - မသန်စွမ်းသူများ လူ့အဖွဲ့အစည်းအတွင်း အများနည်းတူ နေထိုင်ရှင်သန်နိုင် ရေးအတွက် ကြုံတွေ့နေရသည့် အခြေခံအဆောက်အဦ ဆိုင်ရာ၊ လူ့အဖွဲ့အစည်းဆိုင်ရာ အတားအဆီးများ၊ မသန် စွမ်းသူများအပေါ် ၎င်းအတားအဆီးတို့၏ အကျိုး သက်ရောက်မှုနှင့် အတားအဆီးကင်းသော ပတ်ဝန်းကျင်၏ အဓိပ္ပာယ်)
(ဆ) မသန်စွမ်းသူများအတွက် နည်းပညာအရေးပါမှုနှင့် တီထွင် ဆန်းသစ်မှုများ၊
(ဇ ) ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများကြုံတွေ့နေရ သည့် အတားအဆီးတို့ကို ဖယ်ရှားပြီး မသန်စွမ်းသူများ အကျုံးဝင်ပါဝင်မှုကို သေချာစေခြင်းဖြင့် ရေရှည်ဖွံ့ဖြိုး တိုးတက်နိုင်မည့် အခွင့်အလမ်းများ၊
(ဈ ) အကြုံပြုချက်များ။
၃။ ပါဝင်ယှဉ်ပြိုင်သူများသည် မိမိတို့ရေးသားယှဉ်ပြိုင်မည့် ဆောင်းပါးတို့ကို ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ် အုပ်စုများဌာနခွဲ တယ်လီဖုန်းအမှတ် -၀၆၇-၃၄၀၄၆၀၃၊ ၀၆၇-၃၄၀၄၆၀၄ နှင့် E-mail-vulnerablegroup.dor@gmail.com တို့ထံ ဆက်သွယ်၍ (၂၅.၁၁.၂၀၂၂)ရက်၊ သောကြာနေ့၊ ညနေ ၁၆:၀၀ နာရီ အထိ နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပါသည်။
၄။ ပေးပို့လာသည့် ဆောင်းပါးစာမူတို့ကို စိစစ်ရွေးချယ်ရေးအဖွဲ့ဖြင့် ရွေးချယ်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုများအား ထိုက်ထိုက် တန်တန် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါ သည်။