
၁။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ဆောင်ပုဒ် ဖြစ်သည့် “Leadership and participation of persons with disabilities toward an inclusive, accessible and sustainable post-COVID-19 world” ကို “အားလုံးအကျုံးဝင် လက်လှမ်းမီပြီး ရေရှည်တည်တံ့သည့် ကိုဗစ်-၁၉ အလွန်ကမ္ဘာဖြစ်ပေါ်ရေး မသန်စွမ်း သူများ ဦးဆောင်ပါဝင်ကြိုးစားပေး” ဟူ၍ မြန်မာဘာသာသို့ ပြန်ဆို ထားရှိပြီး ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ဝန်ကြီးဌာနအသီးသီးရှိ စာပေဝါသနာရှင်များနှင့် ပြင်ပပုဂ္ဂိုလ် စာပေဝါသနာရှင်များအနေဖြင့် ယခုနှစ်အတွက် သတ်မှတ်ထားရှိသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်းပါးပါဝင်ယှဉ်ပြိုင် နိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။ ဆောင်းပါးတွင် အောက်ဖော်ပြပါ အချက်များ ထည့်သွင်းရေးသားသင့်ပါသည်-
(က) မသန်စွမ်းသူများအတွက် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံ တကာ လှုပ်ရှားဆောင်ရွက်မှုများ၊
(ခ) အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ပေါ်ပေါက် လာပုံ၊
(ဂ) အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ကျင်းပရသည့် ရည်ရွယ်ချက်၊
(ဃ) မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းတွင် ဖော်ပြပါရှိသော တန်းတူအခွင့် အရေးများ၊
(င) နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များ၊
(စ) မသန်စွမ်းသူများ ကြုံတွေ့နေရသည့် အတားအဆီး တို့နှင့်စပ်လျဉ်း၍ ထင်မြင်ယူဆချက် (ဥပမာ - မသန်စွမ်းသူများ လူ့အဖွဲ့အစည်းအတွင်း အများ နည်းတူ နေထိုင်ရှင်သန်နိုင်ရေးအတွက် ကြုံတွေ့နေ ရသည့် အခြေခံအဆောက်အဦဆိုင်ရာ၊ လူ့အဖွဲ့အစည်း ဆိုင်ရာ အတားအဆီးများ၊ မသန်စွမ်းသူများအပေါ် ၎င်းအတားအဆီးတို့၏ အကျိုးသက်ရောက်မှုနှင့် အတားအဆီးကင်းသော ပတ်ဝန်းကျင်၏ အဓိပ္ပာယ်)
(ဆ) ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများ ကြုံတွေ့နေ ရသည့် အတားအဆီးတို့ကို ဖယ်ရှားပြီး မသန်စွမ်းသူများ အကျုံးဝင်ပါဝင်မှုကို သေချာစေခြင်းဖြင့် ရေရှည်ဖွံ့ဖြိုး တိုးတက်နိုင်မည့်အခွင့်အလမ်းများ၊
(ဇ) အကြုံပြုချက်များ။
၃။ ပါဝင်ယှဉ်ပြိုင်သူများသည် မိမိတို့ ရေးသားယှဉ်ပြိုင်မည့် ဆောင်းပါးတို့ကို ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စု များဌာနခွဲ တယ်လီဖုန်းအမှတ်-၀၆၇-၃၄၀၄၆၀၃၊ ၀၆၇-၃၄၀၄၆၀၄ နှင့် E-mail-vulnerablegroup.dor@gmail.com တို့ထံ ဆက်သွယ် ၍ (၂၆.၁၁.၂၀၂၁) ရက်၊ သောကြာနေ့၊ ညနေ (၁၇:၀၀) နာရီအထိ နောက်ဆုံးထားပေးပို့ရမည် ဖြစ်ပါသည်။
၄။ ပေးပို့လာသည့် ဆောင်းပါးစာမူတို့ကို စိစစ်ရွေးချယ်ရေးအဖွဲ့ဖြင့် ရွေးချယ်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု (၂) ဆု အထိ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။