အလှတွင် အယဉ်ဆင့် တင့်လှပါသည်

Type
1

 

ဝဏ္ဏ (TGI)

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ       Irkutsk ပြည်နယ်  Irkutsk မြို့တွင် ခေတ္တရောက်ရှိ တည်းခိုနေသော နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီး ချုပ်    ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့   စက်တင်ဘာလ ၈ ရက်   နံနက် စောပိုင်းမှစတင်၍    အသက်ဝင်လှုပ်ရှား နေသည်။ ယမန်နေ့ညက   အိပ်စက်နား နေချိန်မှာ           နောက်ကျသည့်တိုင် လန်းဆန်းတက်ကြွမှုက    အပြည့်ရှိနေ သည်။   နိုင်ငံ့အကြီးအကဲဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ယနေ့လေ့လာရေးခရီးစဉ်ကို နံနက်ပိုင်းမှ ပင် စတင်မည်ဖြစ်ပြီး Irkutsk ပြည်နယ်  အစိုးရအဖွဲ့အကြီးအကဲ       Mr. Igor Ivanovich Kobzev နှင့်   တာဝန်ရှိသူများ က    လေ့လာရေးခရီးစဉ်အား    လိုက်ပါ ရှင်းလင်းတင်ပြမည်ဖြစ်သည်။

 


Robot များကိုအသုံးပြု


ဦးစွာ    သွားရောက်လေ့လာသည့် နေရာမှာ လေယာဉ်ထုတ်လုပ်ရေးစက်ရုံ Irkutsk Aviation Plant ဖြစ်ပြီး စက်ရုံ သို့ရောက်ရှိစဉ် Irkutsk Aviation Plant- Irkutsk  Corporation   Branch     မှ အထွေထွေ       ညွှန်ကြားရေးမှူးချုပ် Mr. Veprev Aleksey Alexandrovich နှင့်  အဖွဲ့ဝင်များက     ကြိုဆိုကြသည်။ စက်ရုံမှာ MC-21 300   ခရီးသည်တင် လေယာဉ်များ တပ်ဆင်ထုတ်လုပ်သည့် စက်ရုံဖြစ်သည့်အတွက်  ကြီးမားလှသလို အစိတ်အပိုင်းများစွာအတွက်     Sector များကလည်း  မနည်းလှ။  စက်ရုံအတွင်း လှည့်လည်ကြည့်ရှုမှုအဖြစ် အစိတ်အပိုင်း အလိုက် Sector များခွဲခြား၍   Robotic System များ၊ Automatic Machine များ အသုံးပြုတပ်ဆင်နေမှု၊    ထိုမှတစ်ဆင့် လေယာဉ်၏  ကိုယ်ထည်ပိုင်း ၊ တောင်ပံ ပိုင်း၊    အင်ဂျင်ပိုင်းများကို    အဆင့်ဆင့် တပ်ဆင်နေမှုများကို  လုပ်ငန်းတစ်ခုချင်း အလိုက်   လိုက်လံရှင်းလင်းတင်ပြသည်။ လူ၏ ကိုယ်ကာယအားကို  အသုံးပြုခြင်း ထက် Robotic များ၊ Automatic Machine များကို  အများဆုံးအသုံးပြုထားသဖြင့် အချိန်ကုန်လူပန်း           မဖြစ်စေရန်နှင့် တိကျသေသပ်မှုရစေရန်တို့ကို တွင်ကျယ် စွာ    ဆောင်ရွက်နိုင်သည်ကို    လေ့လာ သိရှိရသည်။ လူသားများ၏စွမ်းရည်ဖြင့် ထုတ်လုပ်ထားသည့်    စက်ပစ္စည်းများ Robot များကိုအသုံးပြု၍    လူသားများ သက်သာမှုရစေရန်    ဆောင်ရွက်ထား နိုင်မှုက         လူ့စွမ်းအားအရင်းအမြစ်၏ အရေးပါပုံကို ဖော်ပြနေဟန်ရှိသည်။ 
လေယာဉ်ခေါင်းခန်းအတွင်း    ထိန်း ချုပ်မှုစနစ်များ၊ အတွင်းပိုင်းအပြင်အဆင် များကို  အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှု၊ ထုတ်လုပ်ပြီးလေယာဉ်၏စွမ်းဆောင် ရည်နှင့်         ကြံ့ခိုင်မှုအခြေအနေတို့ကို စမ်းသပ်စစ်ဆေးလျက်ရှိသည့်    အခြေ အနေများကိုလည်း     လိုက်လံကြည့်ရှု လေ့လာကြသေးသည်။ ၁၉၃၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့်       Irkutsk Aviation Plant မှ     ထုတ်လုပ်သည့် လေယာဉ်    ၇၀၀၀     ကျော်ကိုလည်း ဤသည့်     စနစ်များဖြင့်ပင်    စစ်ဆေး၊ စမ်းသပ်ခဲ့ကြောင်း        ခေတ်နှင့်အညီ ပစ္စည်းကိရိယာများ အဆင့်မြင့်လာသည် မှအပ    လုပ်ငန်းစဉ်ကို     တိတိကျကျ ဆောင်ရွက်ခဲ့ကြောင်း၊          အထွေထွေ ညွှန်ကြားရေးမှူးချုပ်က  ရှင်းလင်းတင်ပြ သည်။   အကြီးအကဲ၏မေးမြန်းမှုအပေါ် ဖြေကြားတင်ပြမှုဖြစ်၍     အထောက် အထား၊ အကိုးအကားများပါသည်။

 


ရှင်းလင်းတင်ပြ


နိုင်ငံတော်အကြီးအကဲ၏     စုံစမ်း မေးမြန်းမှု၊  အထွေထွေညွှန်ကြားရေးမှူး ချုပ်က  အသေးစိတ် ရှင်းလင်းတင်ပြမှုမှာ ထပ်မံလေ့လာသည့်နေရာအရောက်တွင် ရည်ရွယ်ရင်းကို    သိရသည်။          မြန်မာ့ တပ်မတော်(လေ)အတွက်     ထုတ်လုပ် လျက်ရှိသည့်     SU-30     တိုက်ခိုက်ရေး လေယာဉ်များ  တပ်ဆင်ထုတ်လုပ်နေမှုကို ကြည့်ရှုလေ့လာသည့်       နေရာအတွက် ကြိုတင်မေးမြန်းခဲ့ခြင်းဖြစ်သည်။ မြန်မာ့ တပ်မတော်အတွက်  တပ်ဆင်ထုတ်လုပ် နေသည့်  လေယာဉ်များ၏   စွမ်းဆောင် ရည်    ပြည့်ဝနေစေရေး၊    ကြံ့ခိုင်ရည် ကောင်းမွန်ရေးတို့အတွက်    ကြိုတင် မေးခွန်းထုတ်ခဲ့ခြင်းဟု   သဘောပေါက်မိ သည်။  အထွေထွေညွှန်ကြားရေးမှူးချုပ် ကလည်း  အကြီးအကဲ၏ ရည်ရွယ်ချက် ပါသည့် မေးခွန်းအတွက်   ထုတ်လုပ်ပြီး SU-30    လေယာဉ်များကို    လေ့ကျင့် စမ်းသပ်နေမှုများကို            အသေးစိတ် ရှင်းလင်းတင်ပြသည်။ ထိုသို့ ရှင်းလင်း တင်ပြသည့်တိုင်  အကြီးအကဲအနေဖြင့် မေးခွန်းများက ကျန်သေးသည်။   မြန်မာ့ တပ်မတော်အတွက်     ထုတ်လုပ်သည့် တိုက်လေယာဉ်များကို    အမြင့်မားဆုံး သော စွမ်းဆောင်ရည်၊ အခိုင်မာဆုံးသော ကြံ့ခိုင်မှု၊ စိတ်ချရသည့်လုံခြုံမှု စသည်ဖြင့် ပြည့်ဝနေစေလိုသည့်   အကြီးအကဲ၏ဆန္ဒ မှာ    မေးခွန်းများတွင်     သိသာသည်။ အထွေထွေ     ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများကလည်း  အကြီးအကဲ၏ မေးခွန်းများကို  ပြည့်ပြည့်စုံစုံ ရှင်းလင်း တင်ပြကြသည်။  စက်ရုံအတွင်း  လေ့လာ မှုနှင့်    ရှင်းလင်းတင်ပြမှုများအပြီးတွင် နိုင်ငံ့အကြီးအကဲနှင့်          အထွေထွေ ညွှန်ကြားရေးမှူးချုပ်တို့     အမှတ်တရ လက်ဆောင်ပစ္စည်းများ    အပြန်အလှန် ပေးအပ်ကြသည်။

 


ဆက်လက်လေ့လာသည့် Irkutsk Regional Children's Clinical Hospital သို့ ရောက်ရှိစဉ်   ဆေးရုံ၏အကြီးအကဲ Mr. Kozolv Yuri Andreevich    နှင့် တာဝန်ရှိသူများက   ကြိုဆိုပြီး   ဆေးရုံရှိ အစည်းအဝေးခန်းမအတွင်း    ဖိတ်ခေါ် သည့်    အစည်းအဝေးခန်းမအတွင်းတွင် ဆေးရုံအကြီးအကဲက     ဆေးရုံအတွင်း ကလေးသူငယ်များအား     ကျန်းမာရေး စောင့်ရှောက်မှု           ဆောင်ရွက်ပေးနိုင်မှု အခြေအနေများ၊   ဆေးရုံအား   ၂ နှစ် အတွင်း      ခုတင်- ၄၀၀    ဆံ့အဖြစ် အဆင့်မြှင့်တင်    ဆောင်ရွက်သွားမည့် အခြေအနေများကို  Video Presentation များဖြင့်          တင်ပြသည်။    ၎င်းအပြင် ဆေးရုံအား  အဆင့်မြှင့်တင်တည်ဆောက် ပြီးစီးချိန်တွင်     ဖြစ်ပေါ်လာမည့်   ပုံရိပ် အခြေအနေအား  VR  နည်းပညာဖြင့်ပါ ရှင်းလင်းတင်ပြ၍     သူ၏တင်ပြမှုကို အဆုံးသတ်သည်။    တင်ပြသူအပြီးတွင် အကြီးအကဲ၏          သိရှိလိုသည်များကို မေးမြန်းမှုနှင့်   ပူးပေါင်းဆောင်ရွက်နိုင် မည့်   အခြေအနေများကို ဆွေးနွေးခြင်း တို့ဆောင်ရွက်သည်။      မေးမြန်းမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး  ဆွေးနွေးမှုတို့ တွင် မိမိတို့နိုင်ငံ၏ အနာဂတ်ခေါင်းဆောင် ကလေးများကျန်းမာရေးကို  အပြည့်အဝ စောင့်ရှောက်ပေးနိုင်ရန်ဟူသော  စကား ရပ်ဖြင့် ကလေးသူငယ်များအပေါ်  ထားရှိ သည့်           စိတ်စေတနာကိုပြသည်။ အဆောက်အဦ  အဆင့်မြှင့်တင်ခြင်းကိုပင် ကလေးတွေအတွက်   ကောင်းမွန်သည့် ဆောင်ရွက်ချက်ဟုချီးကျူးရင်း       ဆေးရုံ အတွင်း          လှည့်လည်ကြည့်ရှုခြင်းကို ဆောင်ရွက်သည်။

 


ပညာရေးနယ်ပယ်သို့ လေ့လာရေးခရီးဆက်


ဆေးရုံအတွင်း   ထပ်မံတိုးချဲ့ဆောက် လုပ်မည့်   ဆေးရုံနေရာကိုကြည့်ရှုအပြီး ခွဲစိတ်ကုသဆောင်သို့    လေ့လာသည်။ ဆေးရုံအကြီးအကဲက     ခွဲစိတ်ဆောင် အတွင်း  Robotic Technology အသုံးပြု ခွဲစိတ်ကုသနိုင်မှုနှင့်    စက်ကိရိယာများ၏စွမ်းဆောင်ရည်များကို    ရှင်းလင်း တင်ပြပြီး        စမ်းသပ်ခွဲစိတ်မှုတစ်ခုကို သရုပ်ပြခွဲစိတ်ပြသည်။     ခွဲစိတ်မှုအား Robotic Technology နှင့် စက်ကိရိယာ များ  အသုံးပြုခွဲစိတ်ခြင်း    အောင်မြင်စွာ ပြီးမြောက်ခြင်းအဖြစ်             အမှတ်တရ 
ဓာတ်ပုံရိုက်ကူးကြပြီး    အကြီးအကဲက   ဆေးရုံအကြီးအကဲအား     အမှတ်တရ လက်ဆောင်ပစ္စည်း    ပေးအပ်သည်။ ကလေးဆေးရုံ        လေ့လာမှုအပြီးတွင်      စက်တင်ဘာ  ၁၁ ရက်နေ့၏    အဆုံးသတ် လေ့လာရေးခရီးစဉ်အဖြစ်   အကြီးအကဲ ဦးဆောင်သည့်  အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သည်           ပညာရေးနယ်ပယ်သို့ လေ့လာရေးခရီးဆက်သည်။ 
သွားရောက်သည့်နေရာမှာ   အမှတ် (၁၄)အခြေခံပညာ အလယ်တန်းကျောင်း MBOU   Zakharovkaya    Secondary School Moscow ဖြစ်သည်။   ကျောင်း သို့ရောက်ရှိစဉ် Irkutsk ပြည်နယ်အစိုးရ အဖွဲ့    ပညာရေးဝန်ကြီး    Maxim Alexandrovich Parfenov ၊ ကျောင်းအုပ် ကြီး    Ms. Lyudmila Leonidovna Tuchkova နှင့် ကျောင်းတာဝန်ခံများက ကြိုဆိုနှုတ်ဆက်ကြသည်။   ကျောင်း အတွင်း        လှည့်လည်ကြည့်ရှုရာတွင် မူလတန်းကျောင်းသား၊    ကျောင်းသူ များအား     ပညာသင်ကြားပေးနေမှု အခြေအနေများကို စတင်လေ့လာသည်။ ကလေးသူငယ်များ  စာသင်ကြားမှုတွင် စိတ်ပါဝင်စားမှုရှိစေရန်၊     လွယ်ကူ ရှင်းလင်းစွာဖြင့်   ဘာသာရပ်များအား နားလည်တတ်ကျွမ်းစေရန်  သင်ကြားမှု၊ သင်ယူမှု   အထောက်အကူပစ္စည်းများ အသုံးပြုသင်ကြားနေမှုမှာ   စိတ်ဝင်စား ဖွယ်ကောင်းလှသည်။ ကျောင်းအုပ်ကြီး ကလည်း အသေးစိတ်ရှင်းလင်းတင်ပြမှု ကြောင့်လည်း      ဖြစ်မည်ထင်သည်။ အကြီးအကဲက       မူလတန်းအရွယ် ကလေးငယ်များ၏     သင်ကြားမှုတွင် လိုအပ်မှုအချို့ကို   အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့ဝင်များကို     ရှင်းပြသည်။ ပညာရေးနယ်ပယ်အတွက်   အကြီးအကဲ ၏ မျှော်မှန်းချက်ကိုလည်း ထည့်သွင်း ပြောကြားအပြီးတွင်   ကျောင်းအတွင်းရှိ စာကြည့်တိုက်များကို   လေ့လာသည်။ အသက်အပိုင်းအခြားအလိုက်၊     ပညာ အရည်အချင်းအလိုက်   စာကြည့်တိုက် များကို ခွဲခြားထားမှုမှာ  စနစ်ကျလှသည်။ ကျောင်းအတွင်းရှိ   ကလေးကစားကွင်း အား   ကြည့်ရှုပြီးချိန်အထိ ကျောင်းအုပ် ကြီးက    လိုက်လံရှင်းလင်းပြသသည်။

 

အကြီးအကဲ၏   ပညာရေးအား   စိတ်ပါ ဝင်စားမှုကို         ကျောင်းအုပ်ကြီးလည်း အကဲခတ်မိသည်ဖြစ်ရာ ရှင်းလင်းတင်ပြ မှုများမှာ    ပြည့်စုံလှသည်။    ကျောင်း အတွင်း လှည့်လည်ကြည့်ရှုမှုအပြီးတွင် အကြီးအကဲ၏ပညာရေးနှင့်   ပတ်သက် သည့်    မေးခွန်းအချို့ကို    မေးမြန်းပြီး ပညာရည်      အဆင့်မြှင့်တင်ရေးဆိုင်ရာ ကိစ္စများတွင်   ပူးပေါင်းဆောင်ရွက်နိုင် မည့်   အခြေအနေများကို    ဆွေးနွေးသည်။ 

 


လာမည့်အနာဂတ်တွင်
စတင်ဆောင်ရွက်ရန် ကျန်ရှိ


မြန်မာ့စကားပုံတစ်ခု          ရှိသည့် “အစကောင်းမှ    အနှောင်းသေချာသည်” ဆိုသော   စကားပုံဖြစ်ပြီး   ထိုစကားပုံကို အကြီးအကဲ   တိတိကျကျပုံဖော်လိုမှုကို မြင်ရသည်။    အဆင့်မြင့်ပညာအဆင့် အတွက် အဓိကအကျဆုံးသော   အခြေခံ ပညာအဆင့်မှ ပြည့်စုံကောင်းမွန်နေရန် လိုအပ်သည်ကို  သဘောပေါက်မိသည်။ ထိုအတွက်လည်း   လှည့်လည်ကြည့်ရှု လေ့လာခြင်းအပါအဝင်              ပူးပေါင်း ဆောင်ရွက်ရေးအတွက်       မေးမြန်း ဆွေးနွေးနေခြင်းဖြစ်သည်ဟု  ယုံကြည်မိ သည်။  ဆွေးနွေးမှုအပြီးတွင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးပြီး  စက်တင်ဘာ ၅ ရက်မှ   စက်တင်ဘာ ၁၁ ရက်အထိ ခရီးစဉ်ကာလအတွင်း  တွေ့ဆုံဆွေးနွေး မှု၊         အစည်းအဝေးတက်ရောက်မှု၊ လှည့်လည်ကြည့်ရှုလေ့လာမှု အစရှိသည့် ပြုဖွယ်ကိစ္စမှန်သမျှတို့ကို   အဆုံးသတ် သည်။ ခရီးစဉ်တစ်ခုအနေဖြင့်   ပြီးဆုံး ခြင်းသို့    တိုင်ခဲ့သော်လည်း  လာမည့် အနာဂတ်တွင်ကား လုပ်ဆောင်ဖွယ်ကိစ္စ၊ ပူးပေါင်းဆောင်ရွက်ရမည့်နယ်ပယ်များမှာ  အရှိန်အဟုန်မြှင့်တင်ရန်၊   စတင် ဆောင်ရွက်ရန်  စသည်ဖြင့် ကျန်ရှိနေပေ လိမ့်မည်။

 


နိုင်ငံတော်အကြီးအကဲ    ဦးဆောင် သည့်    အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Irkutsk   မြို့လေဆိပ်မှ အထူးလေယာဉ် ဖြင့်    ပြန်လည်ထွက်ခွာသည်။    အမိ မြန်မာနိုင်ငံသို့   ပြန်လည်ထွက်ခွာမည့် အဆင့်မြင့်     ကိုယ်စားလှယ်အဖွဲ့အား Irkutsk ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Mr. Igor Ivanovich Kobzev နှင့် တာဝန် ရှိသူများ၊   ရုရှားနိုင်ငံဆိုင်ရာ   မြန်မာ သံအမတ်ကြီး ဦးလွင်ဦး၊     စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်တို့က    လေဆိပ် တွင်    လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။

 


နိုင်ငံတော်အကြီးအကဲ  ပြန်လည်ရောက်ရှိ


နိုင်ငံတော်အကြီးအကဲ    ဦးဆောင် သည့်    အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ၏ နေပြည်တော်  တပ်မတော် လေဆိပ်သို့       ပြန်လည်ရောက်ရှိချိန် မှာ      ညနေစောင်းကာလဖြစ်သည်။ နေပြည်တော်    တပ်မတော်လေဆိပ်သို့ အထူးလေယာဉ်     ဆင်းသက်ချိန်တွင် ကောင်စီ ဒုတိယဥက္ကဋ္ဌ    ဒုတိယဝန်ကြီး ချုပ်    ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင် များ၊ ကောင်စီအတွင်းရေးမှူး အပါအဝင်    ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများက ကြိုဆိုကြ သည်။    ထို့အတူ   မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ  သံရုံးမှ  ဒုတိယ အကြီးအကဲ Mr. Pavel A. KLABUKOV ၊ မြန်မာနိုင်ငံဆိုင်ရာ         ရုရှားစစ်သံမှူး Colonel Sergei KURCHENKO    တို့က လည်း ကြိုဆိုသည်။ 

 


တာဝန်ရှိသူများက    ကြိုဆိုမှုအပြင် ထူးခြားချက်များကို   လေယာဉ်မှအဆင်း တွင်ပင် စတင်မြင်တွေ့ရသည်။ တိုင်းရင်း သား၊ တိုင်းရင်းသူ   သားငယ်၊   သမီးငယ် များက  ဂုဏ်ပြုပန်းစည်းကမ်း၍ ကြိုဆို သည်။      တာဝန်ရှိသူများက    စီစဉ် ဆောင်ရွက်ထားသည့်   ကြိုဆိုမှုမဟုတ်။ ခွင့်ပြုချက်တောင်းခံ၍   အကြီးအကဲ၏ ခရီးစဉ်ပြန်လည်ရောက်ရှိမှုကို    ကြိုဆို ခြင်းဖြစ်သည်။   ပန်းစည်းကမ်းကြိုဆိုမှု တွင်မကသေး။      ရိုးရာအကအလှအဖွဲ့ များကလည်း တီးမှုတ်ကခုန်၍   ကြိုဆို သည်။      အကြီးအကဲ၏    ခရီးစဉ် တစ်လျှောက်တွင်     ရုရှားဖက်ဒရေး ရှင်းနိုင်ငံသမ္မတ      H.E.   Vladimir Vladimirovich Putin နှင့်   တွေ့ဆုံ ဆွေးနွေးမှု၊ ဖိုရမ်တွင်   တက်ရောက် ဆွေးနွေးမှု၊ တိုင်းပြည်နှင့်   လူမျိုးအကျိုး ကို    ရှေးရှုသည့်     တွေ့ဆုံဆွေးနွေးမှု၊ လေ့လာမှု    စသည့်     လှုပ်ရှားမှုများကို သိမြင်ထားကြသည်။  နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု၊ စီးပွားရေး၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် ကဏ္ဍပေါင်းစုံတွင်  ရလဒ်ကောင်းများကို ယူဆောင်လာနိုင်သည်ကို     ခံစားမိကြ သည်။    ဤနှယ်သော    အကြောင်းရင်းခံ များကြောင့်ပင်  ပြည်သူလူထု၏ ရင်တွင်း စိတ်ဆန္ဒအခံဖြင့်   ယခုလို      လာရောက် ကြိုဆိုခြင်းဖြစ်သည်။    မိမိ၏   ကြိုးစား ဆောင်ရွက်ခဲ့မှုများကို        ယခုကဲ့သို့ လာရောက်ကြိုဆိုခြင်းအတွက်    အကြီး အကဲမှာလည်း      ကြည်နူးပျော်ရွှင်နေ သည်ကို မြင်တွေ့ရသည်။ 

 


သဟဇာတမျှမှုက မင်္ဂလာရှိ


နိုင်ငံတော်အကြီးအကဲအား  ကြိုဆို သူများ၏   စီမံထားမှုမှာ    ဤမျှနှင့်ပင် မပြီးဆုံးသေး။         လေယာဉ်အဆင်းမှ အစချီ၍  VIP  ခန်းမဆောင်၊   ၎င်းမှသည် တပ်မတော်လေဆိပ်အဝိုင်း၊     ဆက်၍ အပြည်ပြည်ဆိုင်ရာ လေဆိပ်အဝိုင်းအထိ စီတန်းကြိုဆိုကြသည်။    ကိုယ်စီတိုင်း လက်တွင် ပြည်ထောင်စုသမ္မတ   မြန်မာ နိုင်ငံ၏     ဝါ၊ စိမ်း၊ နီ နှင့်  ကြယ်ဖြူပါ အလံကို  ကိုင်သည်။   “(၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်       (The 7th Eastern   Economic Forum-  2022)တက်ရောက်ခဲ့သော   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့အား   လှိုက်လှဲစွာ   ကြိုဆိုပါ ၏” “ကမ္ဘာ့အလယ် မြန်မာ့ဂုဏ်ဝင့်ထည် စေသော နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်အား   အထူးပင် ကျေးဇူးတင်ပါသည်။”    “အမိမြန်မာ နိုင်ငံတော်အတွက်       ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏  ကြိုးစားမှုများအား လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါသည်၊၊” “နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအောင်မြင်ပါစေ”             “ဂုဏ်ယူ ဝမ်းမြောက်စွာဖြင့်      ကြိုဆိုပါသည်” “ရုရှား-မြန်မာ ချစ်ကြည်ရေး    ထာဝရ အဓွန့်ရှည် တည်မြဲပါစေ”      ဟူသည့် ဗီနိုင်းစာသားများ၊        အကြီးအကဲ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ   ခရီးစဉ်အတွင်း လှုပ်ရှားဆောင်ရွက်ခဲ့သည့်    ပုံရိပ်များ ပါဝင်သည့်            ရုပ်ပုံများကိုလည်း ကိုင်ဆောင်ကြသည်။ ထိုမျှပင်မကသေး။ နိုင်ငံတော်      စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး  မင်းအောင်လှိုင်   ကျန်းမာပါစေ၊ ချမ်းသာပါစေဟု    ကြွေးကြော်သံများကို လည်း သံပြိုင်ညီညီ  အော်ဟစ်ကြွေးကြော် ၍ သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ အကြီးအကဲကလည်း    ကားမှန်ကိုချ၍ လက်ပြကာ အပြုံးဖြင့် တုံ့ပြန်နှုတ်ဆက် သည်။ အကြီးအကဲက  စေတနာအရင်းခံ ဖြင့် ကြိုးစားအားထုတ်သည်။ ကြိုဆိုသူ များက    စေတနာစိတ်ဖြင့်    ဆောင်ရွက် ကြိုးပမ်းမှုကို မေတ္တာစိတ်ဖြင့် ကမ်းလင့် သည်။   အပေးအယူ  သဟဇာတမျှမှုက မင်္ဂလာရှိပါဘိ။

 


ပန်းကိုလို၍ အပင်ပျိုးခဲ့သည်


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး  မင်းအောင်လှိုင်     ဦးဆောင်သည့် မြန်မာ့အဆင့်မြင့်  ကိုယ်စားလှယ်အဖွဲ့၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့       သွား ရောက်သည့်ခရီးစဉ်ကား    ပြီးဆုံးခဲ့ပြီ ဖြစ်သည်။       အကြီးအကဲ၏ခရီးစဉ် အတွင်း      ဆောင်ရွက်နိုင်ခဲ့မှုများကား မနည်းလှသလို အတူလိုက်ပါသွားခဲ့သည့် နိုင်ငံတော်အဆင့်၊  ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ၊  တပ်မတော်အရာရှိကြီး များ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကား များပြားလှသည်။  ပန်းကိုလို၍ အပင်ပျိုး ခဲ့သည်။   အပင်သန်ရန်အတွက် မြေဆီ ဩဇာများလည်း  ဖြည့်သွင်းခဲ့ကြသည်။ ဆက်လက်    ရှင်သန်ရန်အတွက်လည်း ခွန်အားများရှိသည်။        ခွန်အားနှင့် စွမ်းရည်များကိုလည်း          အသုံးချ ကြိုးပမ်းကြမည်ကို          ယုံကြည်မိသည်။ “တစ်နေ့တစ်လံ       ပုဂံဘယ်ရွေ့မလဲ” ဟု   စကားပုံရှိသည်။ တစ်လံမကသော ကြိုးပမ်းခဲ့မှုအဖြစ်    ခရီးစဉ်လှုပ်ရှားမှု များတွင်       ပုံဖော်နိုင်ခဲ့ပြီဖြစ်သည်။ အနာဂတ်မြန်မာနိုင်ငံ၏       မဝေးသည့် အောင်မြင်ပန်းတိုင်   လှမ်းကိုင်နိုင်တော့ မည်ဟု ယုံကြည်ပါကြောင်း   ရေးသား ဖော်ပြအပ်ပါသည်။        ။