
နေပြည်တော် မေ ၁၆
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)တိုက်ခတ်မှု ကြောင့် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေး အန္တရာယ်ထိခိုက်ခဲ့သည့် ဒေသခံပြည်သူများအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် ကူညီ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာ များကို လည်းကောင်း၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ထောက်ပံ့ ပေးအပ်သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို လည်းကောင်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မဟာဗန္ဓုလ)ဖြင့် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ရေ)မှ ဂြိုဟ်တုဖုန်း တစ်စုံ၊ ခေါက်ဆွဲခြောက် ၁၁၃ ဖာ၊ ဂျုံခေါက်ဆွဲထုပ် ၅၀၊ ဓာတ်ဆားထုပ် ၈၈၀၀၊ ကြက်ဥအလုံး ၁၄၃၀၀၊ ကြက်သား ပိဿာ ၃၀၊ ရေသန့် ၁၀ ကတ်၊ ငါးပိ ပိဿာ ၁၀၀၊ ငါး ပိဿာ ၂၀၀၊ ငါးခြောက် ပိဿာ ၈၀၀၊ ဆန် ငါးအိတ်၊ အသီးအရွက်၊ မီးစက်တစ်လုံး၊ လေအိတ် ၁၂ လုံး (၁၅ တန်)၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ကြက်ဥ အလုံး ၁၀၀၀၀၊ မြေခင်းစ နှစ်လိပ်၊ ဆေးပစ္စည်း တစ်ဖာနှင့် နှစ်အိတ် (၁ တန်)၊ လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်အိတ် ၅၀၀၊ တာပေါ်လင်စ ၂၀၀ (၃၂ ဒသမ ၄ တန်) စုစုပေါင်း ၄၈ ဒသမ ၄ တန်ခန့်နှင့် ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်မည့် တပ်ဖွဲ့များအား တင်ဆောင်၍ ယနေ့နံနက် ၉ နာရီတွင် အမှတ်(၄)ရေတပ်ဆိပ်ခံတံတားမှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ထွက်ခွာသွားခဲ့ကြောင်းနှင့် မေ ၁၇ ရက် ညနေပိုင်း တွင် ရောက်ရှိမည်ဖြစ်သည်။
အလားတူ စစ်ရေယာဉ်(မုတ္တမ)ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးမှ ငါးပြည်ဝင် ဆန် အိတ် ၁၀၀၀၀ (၁၂၅ တန်)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံးမှ ၇ မယ်ရိက္ခာထုပ် ၈၃၂ ဒသမ ၅ ထုပ်၊ အမှတ်(၉၈၁) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်မှ ဆယ်တင်သွပ် ၂၆၇၃၇ ချပ်၊ သွပ်သံ ၉၁ ဖာ၊ အမိုး Screw ၁၆ ဖာ၊ ချိန်းဆော အလက် ၂၀(၁၅၁)တန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ အမယ်စုံထောက်ပံ့ ပစ္စည်း ပုံး ၃၀၀၊ ခေါက်ဆွဲခြောက် ၁၆၄ ထုပ်၊ ရေသန့်ကတ် ၂၀၀၊ ပုဆိုးအထည် ၇၅၀ (၃ တန်)၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ သွပ်အချပ် ၄၇၈၉၀၊ သွပ်သံ ၇၂ ဖာ၊ အိမ်ရိုက်သံ ၁၆၅၆ ဖာနှင့် ၉၄ အိတ်၊ စားအုန်းဆီ ဘူး ၂၀၀၈၀ (၂၄၂ တန်)၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စည်သွတ်ဘူး ၇၄၉ ဖာနှင့် တစ်အိတ် (တန် ၂၀)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်အိတ် ၅၅၅၇ အိတ်၊ တာပေါ်လင်စ အလိပ် ၃၀၀ (၂၈၉ တန်)၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ MPT Mobile Van နှစ်စီး၊ တာဝါတိုင် တစ်စုံ၊ Cable ကြိုး နှစ်ခွေ (၃၅ တန်)၊ သမဝါယမနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေသန့်စင်စက် ကား နှစ်စီး(၄၄ တန်)၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ မီးစက် (နောက်တွဲပါ) ကား နှစ်စီး၊ ဒီဇယ်ဆီ အလုံး၂၀ (၁၉ တန်) စုစုပေါင်း ၉၂၈ တန်ခန့်နှင့် ကူညီကယ်ဆယ် ရေးဆောင်ရွက်မည့် တပ်ဖွဲ့များကို တင်ဆောင်၍ ယနေ့နံနက် ၁၁ နာရီတွင် ဗိုလ်အောင်ကျော်ဆိပ်ကမ်း မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ထွက်ခွာခဲ့ကြောင်းနှင့် မေ ၁၇ ရက် ညပိုင်းတွင် ရောက်ရှိမည်ဖြစ်သည်။
ထို့အတူ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်၍ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်မြို့နှင့် ကျေးရွာ များသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်