
နေပြည်တော် မေ ၁၆
ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” (MOCHA)တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် အတွင်း သဘာဝဘေးအန္တရာယ် ထိခိုက်ခဲ့သည့် ဒေသခံပြည်သူများ အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ နှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ထောက်ပံ့ပေးအပ်သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ကို လည်းကောင်း တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ် များဖြင့် ကူညီပို့ဆောင်ပေးလျက် ရှိသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်း သည့် ဆေးပစ္စည်းမျိုးစုံအိတ် ၁၀၁၀၊ ရေသန့်ကတ် ၃၃၄ ကတ်၊ ဘီစကစ် ၂၁၈ ဖာ၊ ခေါက်ဆွဲ ခြောက် ဖာ ၇၀၀ နှင့် ကူညီ ကယ်ဆယ်ရေး အဖွဲ့များကို တင်ဆောင်၍ နေပြည်တော် လေဆိပ်မှ စစ်တွေ လေဆိပ်သို့ ပထမအကြိမ်အဖြစ် လည်း ကောင်း၊ ဆန်အိတ် ၁၀၀၊ ရေသန့် ဘူးများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စည်သွတ်ဘူး များနှင့် စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရေ အသုံးအဆောင် ပစ္စည်းများနှင့် ဆေးပစ္စည်းများကို တင်ဆောင်၍ ဒုတိယအကြိမ် အဖြစ် လည်းကောင်း၊ တပ်မတော် စက်ရုံများမှ ထုတ်လုပ်သည့် စည်သွတ်ဘူးများဖြစ်သည့် ကြက် အာလူး၊ ငါးတန် အချိုပေါင်း၊ ငါးသလောက်၊ သီးစုံဘူးများ၊ ဘီစကစ်ထုပ်များ၊ ရေသန့်ဘူးများ နှင့် အခြားစားသောက်ဖွယ်ရာများ ကို တင်ဆောင်၍ တတိယအကြိမ် အဖြစ် လည်းကောင်း၊ ဆန်အိတ် ၁၈၀၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စည်သွတ်ဘူးများ ဖြစ်သည့် ကြက်အာလူး၊ မျှစ် စတော်ပဲ၊ ဆက်သွယ်ရေးပစ္စည်း များကို တင်ဆောင်၍ စတုတ္တ အကြိမ်အဖြစ်လည်းကောင်း၊ ဆန် အိတ် ၁၀၀ နှင့် ရေသန့်ကတ် ၄၉၈ ကတ်တို့ကို တင်ဆောင်၍ ပဉ္စမအကြိမ်အဖြစ်လည်းကောင်း သွားရောက်ပို့ဆောင်ပေးသည်။
အလားတူ ယနေ့နံနက်ပိုင်း တွင်လည်း ဓာတ်ဆား ၆၅ ဖာ၊ ပစ္စည်းစုံ စက္ကူဖာ ခုနစ်ဖာ၊ မီးစက် အကြီး တစ်လုံး၊ စားသောက် ဖွယ်ရာများနှင့် ကူညီကယ်ဆယ် ရေးပစ္စည်းများကို ပထမအကြိမ် အဖြစ်လည်းကောင်း၊ ဆက်သွယ် ရေး တာဝါတိုင်ဆက်စပ်ပစ္စည်း များနှင့် ခေါက်ဆွဲခြောက် ၁၆၈ ဖာ တို့ကို ဒုတိယအကြိမ်အဖြစ်လည်း ကောင်း တင်ဆောင်၍ ရန်ကုန်မြို့ ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေ လေဆိပ်သို့ ပို့ဆောင်ပေးသည်။ ထို့အတူ သွပ်ချပ်များနှင့် ခေါက်ဆွဲ ခြောက် ဖာ ၁၀၀ တို့ကို တပ်မ တော် လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကိုကိုးကျွန်းသို့ ပို့ဆောင်ပေးခဲ့ သည်။
ယနေ့တွင် ကူညီကယ်ဆယ် ရေး ပစ္စည်းများကို တပ်မတော်မှ လေယာဉ်များဖြင့် ပို့ဆောင်မှု အနေဖြင့် နေပြည်တော်မှ စစ်တွေ မြို့သို့ ငါးကြိမ်၊ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ နှစ်ကြိမ်၊ ရန်ကုန်မြို့ မှ ကိုကိုးကျွန်းမြို့သို့ တစ်ကြိမ် စုစုပေါင်း ရှစ်ကြိမ်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တပ်မတော်လေယာဉ် များဖြင့်ရောက်ရှိလာသော ပစ္စည်း များကို တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြကြောင်းနှင့် သက်ဆိုင် ရာသို့ ဆက်လက်ဖြန့်ဝေသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်