အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” စစ်တွေမြို့အနီးမှ မေ ၁၄ ရက် နေ့လယ်ပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်း

 

နေပြည်တော်    မေ    ၁၂


ယနေ့မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင်  ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုး ကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၈၀ မိုင်ခန့်၊  ဟိုင်းကြီးကျွန်းမြို့၏ 
အနောက်-အနောက်တောင်ဘက်   ရေမိုင်   ၃၄၀ မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ  ပို့ပလဲယား၏   အနောက်မြောက်ဘက် ရေမိုင် ၃၀၀ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ကော့ဘဇားမြို့၏  တောင်-အနောက်တောင်ဘက် ရေမိုင် ၄၅၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ 

 


အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏   လက်ရှိအခြေအနေမှာ  ဘင်္ဂလားဒေ့ရှ်-ရခိုင်ကမ်းရိုးတန်းသို့   ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိပါသဖြင့်    လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။ 

 


အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏  တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း“မိုခါ” သည် မြန်မာစံတော်ချိန် ည ၉ နာရီခွဲ အချိန်တွင်   မြောက်လတ္တီကျု  (၁၄.၆)  ဒီဂရီနှင့် အရှေ့လောင်ဂျီကျု  (၈၈.၆)  ဒီဂရီတွင်    ရှိပြီး  ဗဟိုချက်လေဖိအား  (၉၇၂)   ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၉၅ မိုင်မှ မိုင်၁၀၀ နှုန်းခန့် ဖြစ်ပါသည်။ 

 


 နောက်(၇၂)နာရီအတွင်း ခန့်မှန်းချက်


အဆိုပါ အားအလွန်ကောင်းသော  ဆိုင်ကလုန်း မုန်တိုင်း“ မိုခါ” သည် မြောက်- အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာကာ နောက် (၉) နာရီအတွင်း     ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၌    အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အဖြစ်သို့ ရောက် ရှိနိုင်ပြီး    ဘင်္ဂလားဒေ့ရှ်နိုင်ငံ   ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီး မှ (၁၄.၅.၂၀၂၃)ရက်နေ့   နေ့လယ်ပိုင်းတွင်  အား အလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း  “မိုခါ” အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်း ရပါသည်။ 

 


သတိပေးနှိုးဆော်ချက်   


 အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ အရှိန်ကြောင့် ယနေ့ညမှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်း    နေပြည်တော်၊   စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌   မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊  ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး   စစ်ကိုင်းတိုင်းဒေသကြီး     အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊   မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊        ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊  ချင်းပြည်နယ်နှင့်  ရခိုင် ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည် နယ်၊   ရှမ်းပြည်နယ်၊   ကယားပြည်နယ်၊   ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ 

 


သို့ဖြစ်ပါ၍ ယနေ့ညမှ (၁၄.၅.၂၀၂၃)ရက်နေ့ အတွင်း    မြစ်ဝကျွန်းပေါ်၊   ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့်   ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်း ကြီးရာမှ လှိုင်းအလွန်ကြီးမည်။   မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၉၀ မှ မိုင် ၁၁၀ ခန့်အထိ   တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်    ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၄ ပေ  မှ ၁၈ ပေခန့်   ရှိနိုင်ပါသည်။     မုတ္တမကွေ့၊ မွန်-  တနင်္သာရီကမ်းရိုးတန်း         တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ  မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင် ၄၀ မှ ၄၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊  မွန်- တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့်           ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၉ ပေ မှ ၁၂ ပေခန့် ရှိနိုင်ပါသည်။

 


ယနေ့ညမှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်း ရခိုင် ပြည်နယ်တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင် ၁၀၀ မှ မိုင် ၁၁၀ ခန့်အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး         အောက်ပိုင်း၊   မန္တလေး တိုင်းဒေသကြီး၊   မကွေးတိုင်းဒေသကြီး၊  ပဲခူးတိုင်း ဒေသကြီး၊   ရန်ကုန်တိုင်းဒေသကြီး၊    ဧရာဝတီ တိုင်းဒေသကြီးနှင့်            ချင်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ  တစ်နာရီလျှင် မိုင် ၄၀ မှ မိုင် ၆၀ ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်း ရပါသည်။ 

 


မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင် ပြည်နယ် စစ်တွေခရိုင်၊ မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၁၂ ပေမှ  ၁၆ ပေခန့် အထိနှင့် ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက် များအတွင်း ၉ ပေမှ ၁၂ ပေခန့်အထိ မြင့်တက်လာ နိုင်ကြောင်း ခန့်မှန်းရသည်။

 


အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း “မိုခါ”၏အရှိန်ကြောင့်    မုန်တိုင်းဒီရေ မြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊  မိုးကြီး ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်း များ ဖြစ်ပေါ်နိုင်ပါသဖြင့် မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်တွင် နေထိုင်ကြသူများအနေဖြင့် မုန်တိုင်း ဒီရေအန္တရာယ်ကို ကြိုတင်သတိပြုရှောင်ရှားကြပါ ရန်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြ သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများနှင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြို မှုအန္တရာယ်ကို ကြိုတင်သတိပြုနေထိုင်ကြပါရန်၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့်    မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့ရှိ   ကမ်းနီး၊  ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း  မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ လုံးဝ (လုံးဝ)မထွက်ရန်နှင့်   ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့်     ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီ    ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့်  ကြိုတင်ပြင်ဆင်မှု များကို ဆောင်ရွက်သွားနိုင်ပါရန် သတိပေးနှိုးဆော် အပ်ပါသည်။


မိုး/ဇလ