
ဒမတ်စကတ် ဩဂုတ် ၂၆
ဆီးရီးယားနိုင်ငံ အလက်ပိုပြည်နယ် မြောက်ပိုင်း၌ ဩဂုတ် ၂၅ ရက်က ဆီးရီးယားတပ်မတော်က ဟာရတ်တက်ရီရာအယ်လ်ရှမ် (အိတ်ချ်တီအက်စ်)သူပုန်အဖွဲ့၏ အဖွဲ့ဝင်ခုနစ်ဦးကို ရှင်းလင်းခဲ့ကြောင်း စစ်ပွဲစောင့်ကြည့်သူတစ်ဦးက ဖော်ပြထားသည်။
တပ်မတော်က အလက်ပို၏ ကျေးလက်ဒေသ အနောက်ပိုင်း၌ အိတ်ချ်တီအက်စ်၏ ယာဉ်နှစ်စီးကို တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွခုနစ်ဦးသေဆုံးပြီး အခြား အများအပြား ဒဏ်ရာရရှိကြောင်း ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
စစ်သွေးကြွအချို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိ သဖြင့် သေဆုံးသူအရေအတွက်မှာ တိုးလာဖွယ်ရှိ ကြောင်း ယူကေအခြေစိုက် စောင့်ကြည့်ရေးအဖွဲ့က ပြောကြားသည်။ တနင်္လာနေ့က ဆီးရီးယားတပ်ဖွဲ့ က အဒ်လက်နှင့် ဟာမာပြည်နယ်အနောက်မြောက် ပိုင်း၌ အိတ်ချ်တီအက်စ်က ပစ်လွှတ်သည့် လက်နက် တပ်ဆင်ထားသော ဒရုန်းသုံးစင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်း အေဂျင်စီ ဆာနာက ဖော်ပြထားသည်။
ဆင်ဟွာ