နေပြည်တော် ဇွန် ၁၅
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန် နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီ အစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ Friday Night Live Show အဖြစ် “အလှ ကမ္ဘာမြေ” တေးဂီတဖျော်ဖြေပွဲကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ဇွန် ၁၇ ရက် သောကြာနေ့ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသမည် ဖြစ်သည်။
ယင်းအစီအစဉ်တွင် တေးသံရှင်များ ဖြစ်ကြသည့် သန်းမြတ်စိုး၊ နေအောင်၊ ရဲထိုက်၊ ဘုန်းသစ်၊ စောဒယ်နီရယ်၊ မေသန်းနု၊ မယ်လိုဒီ၊ ခိုင်သဇင်ဦးနှင့် ခင်လပြည့်ဝန်းတို့က ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို ဇွန် ၁၉ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယ အကြိမ် ထပ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



