
ပေကျင်း ဇွန် ၂၀
တရုတ်အွန်လိုင်း လက်လီအရောင်း လောကကို ဦးဆောင်လျက်ရှိ သော အလီဘာဘာကုမ္ပဏီအုပ်စု က ၎င်းတို့၏ စီအီးအို အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဋ္ဌ ဒန်နီရယ် ကျန်သည် စက်တင်ဘာလတွင် ရာထူးမှ ဆင်းပေးမည်ဖြစ်ပြီး လက်ရှိအမှုဆောင် ဒုတိယဥက္ကဋ္ဌ ဂျိုးဆက်ဖ်ဆိုင်သည် ဥက္ကဋ္ဌ ရာထူးကို လက်ခံရယူသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဇွန် ၂၀ ရက် အလီဘာဘာ ၏ သတင်းထုတ်ပြန်ချက်တွင် ကျန်သည် စက်တင်ဘာ ၁၀ ရက် တွင် ၎င်း၏ ရာထူးမှ ဆင်း ပေးမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။
၂၀၁၉ ခုနှစ် စက်တင်ဘာလ တွင် ဂျက်မားထံမှ ဥက္ကဋ္ဌရာထူး လက်ခံရယူပြီးကတည်းက ကျန် သည် အလီဘာဘာအုပ်စု၏ စီမံ ခန့်ခွဲရေးများကို ဦးဆောင် လုပ်ကိုင်ခဲ့သူဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် အလီဘာဘာ အုပ်စုသည် ယုံကြည်မှုဖောက်ဖျက် ရေးဥပဒေချိုးဖောက်မှုဖြင့် အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ ဒဏ်ကြေးဆောင်ခဲ့ရသည်။
ရောင်းအား မကောင်းသည့် အွန်လိုင်းဈေးကွက်တွင် ကြိုးစား ရုန်းကန်နေရကြောင်း အဆိုပါ အုပ်စုက ပြောသည်။
၎င်း၏စီမံခန့်ခွဲမှုနည်းဗျူဟာ များအရ အလီဘာဘာသည် ယခု နှစ် မတ်လတွင် ဦးပိုင်ကုမ္ပဏီ တစ်ခုဖြစ်လာခဲ့ပြီး စီးပွားရေး လုပ်ငန်းခွဲပေါင်း ခြောက်ခုအထိ ရှိလာခဲ့သည်။
ကုမ္ပဏီ၏ ခေါင်းကြီးပိုင်း ပြောင်းလဲခြင်းသည် အလီဘာဘာ အုပ်စု၏ ကုမ္ပဏီပုံစံ ပြန်လည် ဖွဲ့စည်းမှုနှင့် သက်ဆိုင်မှုရှိနိုင် ကြောင်း သိရသည်။
ကျန်သည် အလီဘာဘာ၏ စီးပွားရေး လုပ်ငန်းခွဲတစ်ခုဖြစ် သည့် ကလောက် စီးပွားရေး လုပ်ငန်းခွဲတွင် ခေါင်းဆောင် အဖြစ် ပြန်လည်ပါဝင်လာမည် ဖြစ်ကြောင်းလည်း သိရသည်။
အင်န်အိတ်ချ်ကေ