အကူအညီပေးရေးအဖွဲ့ဝင်ခုနစ်ဦး သေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွက်   အစ္စရေးတပ်ဖွဲ့မှ အရာရှိနှစ်ဦးကို ရာထူးမှထုတ်ပယ်ကြောင်း ကြေညာ

 

တိုကျို   ဧပြီ  ၆
အမေရိကန်အခြေစိုက် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေးအဖွဲ့တစ်ခုမှ အဖွဲ့ဝင်ခုနစ် ဦး သေဆုံးခဲ့သည့် လေကြောင်း တိုက်ခိုက်မှုအတွက် အစ္စရေး တပ် ဖွဲ့မှ  အရာရှိနှစ်ဦးကို ထုတ်ပယ် ခဲ့ပြီး အခြားအကြီးတန်းတပ်မှူး များကို   ပြစ်တင်ရှုတ်ချခဲ့သည်။ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုအပြီးတွင် ဧပြီ ၅ ရက်က ယင်းကြေညာချက်ကို ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
အဆိုပါ  အကူအညီပေးရေး ယာဉ်များကို      တိုက်ခိုက်မှုမှာ မအောင်မြင်သော စစ်ဆင်ရေးကြီး တစ်ခု၏အကြီးဆုံးသော မှားယွင်း မှုတစ်ခုဖြစ်ကြောင်း၊ တိုက်ခိုက်မှု ကို  လုပ်ဆောင်ခဲ့သည့်   စစ်သား များသည် “ဟားမားစ်”ကို ပစ်မှတ် ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နှင့်       အကူအညီပေးရေးအဖွဲ့ မော်တော်ယာဉ်များ၏   အမှတ် တံဆိပ်များကို      ညဘက်တွင် မမြင်နိုင်သောကြောင့် အတည်ပြု နိုင်ခဲ့ခြင်းမရှိကြောင်း    အစ္စရေး တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒန်နီ ရယ်ဟာဂါရီက ပြောကြားသည်။
NGO   မှ   ဝန်ထမ်းများက အစ္စရေးတပ်မတော်၏  တာဝန် အရလုပ်ဆောင်မှုကို အသိအမှတ် ပြုသော်လည်း      လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ    လုပ်ဆောင် ရန်တောင်းဆိုနေကြသည်။ ထို့အတူ နိုင်ငံတကာ   လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက် မှုများ   ရပ်တန့်ရန်    ကုလသမဂ္ဂ ၏ “သြဇာ” ကို အသုံးပြုရန်  ကုလ သမဂ္ဂလုံခြုံရေး ကောင်စီအစည်း အဝေးတွင်   အကူအညီပေးရေး လုပ်သားများက  တောင်းဆိုခဲ့ကြ သည်။ ကုလသမဂ္ဂဆိုင်ရာ အစ္စ ရေးသံအမတ်ကြီး ဂီလတ် အာဒန် က  ယင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍   များစွာဝမ်းနည်းမိ ကြောင်း၊ အစ္စရေးအနေဖြင့် ကယ် ဆယ်ရေးလုပ်သားများကို မဆို ထားနှင့်အရပ်သားများကိုပါ တမင် တကာ      ပစ်မှတ်ထားတိုက်ခိုက် ခြင်းမျိုး   မည်သည့်အခါမျှ    လုပ် ဆောင်မည်မဟုတ်ကြောင်း  ပြော ကြား ခဲ့သည်။     အင်န်အိတ်ချ်ကေ