အက်သလက်တီကို မက်ဒရစ်နှင့် မန်စီးတီးအသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး နယူးကာဆယ်၊ ပီအက်စ်ဂျီနှင့် ဘာစီလိုနာအသင်းတို့ ရှုံးပွဲကြုံ

 

ယူအီးအက်ဖ်အေ    ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၄) မှ နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်များတွင် အက်သလက်တီကို မက်ဒရစ်နှင့် မန်စီးတီးအသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး နယူးကာဆယ်၊  ပီအက်စ်ဂျီနှင့် ဘာစီလိုနာအသင်းတို့ ရှုံးပွဲကြုံတွေ့ခဲ့သည်။  


အက်သလက်တီကို မက်ဒရစ်နှင့် စကော့တလန် ကလပ် ဆဲလ်တစ်အသင်းပွဲစဉ်တွင် အက်သလက်တီ ကို မက်ဒရစ်အသင်းက ခြေစွမ်းပြပြီး ခြောက်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။  အက်သလက်တီကို    မက်ဒရစ် အသင်းအတွက် သွင်းဂိုးများကို ဂရစ်ဇ်မန်း၊ မိုရာတာ၊ လီနိုနှင့် နီဂွက်ဇ်တို့က သွင်းယူပေးခဲ့သည်။ 


မန်စီးတီးအသင်းနှင့်     ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်အသင်းပွဲစဉ်တွင် မန်စီးတီးအသင်းက သုံးဂိုးပြတ်   အနိုင်ရရှိခဲ့သည်။   မန်စီးတီးအသင်း အတွက်  သွင်းဂိုးများကို ဟာလန်းနှင့် ဖိုဒင်တို့က သွင်းယူပေးခဲ့သည်။


ဒေါ့မွန်နှင့်    နယူးကာဆယ် အသင်းပွဲစဉ်တွင် ဒေါ့မွန်အသင်းက   နှစ်ဂိုးပြတ်နိုင်ပွဲရရှိပြီး နောက် တစ်ဆင့်တက်ရေး မျှော်လင့်ချက် အားကောင်းလာခဲ့ ပြီဖြစ်သည်။  ဒေါ့မွန်အသင်းအတွက် သွင်းဂိုးများကို ဖူးလ်ခရက်ဂ်နှင့်  ဘရန့်ဒ်တို့က သွင်းယူပေးခဲ့သည်။  


အေစီမီလန်နှင့်    ပီအက်စ်ဂျီအသင်းပွဲစဉ်တွင် အေစီမီလန်အသင်းက နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ အေစီမီလန်အသင်းအတွက် သွင်းဂိုးများ ကို လီယိုနှင့် ဂျီရုဒ်တို့က သွင်းယူပေးပြီး ပီအက်စ်ဂျီ အသင်းအတွက် သွင်းဂိုးကို စက္ကနီယာက သွင်းယူပေး ခဲ့သည်။ 


ယူကရိန်းကလပ် ရှက်တာဒိုးနက်နှင့် ဘာစီလိုနာ အသင်းပွဲစဉ်တွင် ရှက်တာဒိုးနက်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရရှိပြီး တစ်လုံးတည်းသော  အနိုင်ဂိုး ကို စီကန်က သွင်းယူပေးခဲ့သည်။


အခြားသော ပွဲစဉ်ရလဒ်များတွင် လိုက်ပ်ဇစ်က ဇဗက်ဒါကို နှစ်ဂိုး - တစ်ဂိုး၊ ပေါ်တိုက အန့်ဝပ်ကို နှစ်ဂိုး-ဂိုး မရှိ၊ လာဇီယိုက ဖီယင်နုကို တစ်ဂိုး-ဂိုးမရှိ ဖြင့် နိုင်ပွဲရရှိခဲ့သည်။  

                                                        
အောင်ဇော်